
ဆူဇူကီးဖလားတွင် အုပ်စုမှ လွတ်မြောက်နိုင်ရန် အခွင့်အရေးကောင်းများရှိဟု နည်းပြချုပ် သုံးသပ်
August 8, 2016
.
August 10, 2016မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် အာရှဘောလုံး အဖွဲ့ချုပ် AFC ၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ AFC (C) လိုင်စင်နည်းပြသင်တန်း AFC “C” Certificate Course 2016 ဘောလုံးနည်းပြသင်တန်းအား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအား လွိုင်လင်၊ ကလော၊ တောင်ကြီး၊ ညောင်ရွှေ၊ သီပေါ၊ လင်းခေး၊ ဆီဆိုင်၊ မောက်မယ်၊ ပင်လုံ၊ မိုင်းရှူး၊ ရပ်စောက်၊ ဟိုပုံး၊ တာချီလိတ်၊ မူဆယ်၊ နမ့်ဆန်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ ဟိုပန်၊ ရွှေညောင်၊အောင်ပန်း မြို့နယ်များနှင့် ရပခ မှသင်တန်းသား စုစုပေါင်း (၂၄)ဦး တက်ရောက်သင်ယူကြပြီး သင်တန်းဆရာအဖြစ် AFC Instructor ဦးဝင်းသူမိုးမှ သင်ကြားပို့ချ ပေးလျက်ရှိသည်။ သင်တန်းအား ယနေ့ သြဂုတ် ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။
သင်တန်းဖွင့်ပွဲအား ယနေ့မနက်က ကျင်းပရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်း (ပြည်နယ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ)က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြ ဦးဝင်းသူမိုးက သင်တန်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
Myanmar Football Federation opens AFC ‘C’ Coaching Certificate Course 2016 at State Stadium of Taunggyi cooperated with Asian Football Confederation(AFC), Sports and Physical Education Committee,Shan State. 24 trainees from Eastern Command, Loilem, Kalaw, Taunggyi, Nyaungshwe, Hsipaw, Langkho, Hsihseng, Mawkmai, Pinlon, Mong Hsu, Lawksawk, Hopong, Tachileik, Muse, Namhsan, Monghpyak, Mongton, Hopang, Shwenyaung and Aungpan are attended this course and AFC instructor, U Win Thu Moe serves as a trainer. The course will be from August 9 to August 22.
The opening ceremony was held this morning and Dr. Myo Tun, Social Minister of Shan State and President of Sports and Physical Education Committee,Shan State, made an opening speech. U Ko Ko Thein, General Secretary of Myanmar Football Federation, explained the aims of this course. Then U Win Thu Moe, Trainer of the course explains about the course and closed the ceremony.