
.
August 10, 2016
ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲအတွက် KBZ BANK မှ TITLE စပွန်ဆာ ပေးအပ်
August 18, 2016မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းကို ကိုင်တွယ်နေသည့် သြစတြေးလျ လူမျိုး အဲရစ်ဝီလျံ ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းကို ရေရှည်လက်တွဲ လုပ်ကိုင်လိုသည့်အတွက် ၁နှစ် ၂လ သက်တမ်းရှိ စာချုပ် အသစ်ကို ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာ့လက်ရွေးစင် ယူ-၁၄ နည်းပြ အဲရစ် ဝီလျံတို့ တွေ့ဆုံကာ စာချုပ် ချုပ်ဆိုခဲ့သည်။
” အခုလို စာချုပ်သက်တမ်းတိုး ချုပ်ဆိုရတဲ့အတွက် ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ရေရှည်လက်တွဲပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အထောက်အပံ့ပေးရလို့ ပျော်ရွင်မိပါတယ်။ ဥက္ကဌ ရဲ့ ရည်ရွယ်ချက်အတိုင်း လူငယ်တွေကို ပိုပြီးတိုးတက်အောင် ကြိုးစားသွားပြီး အဆင့်မြင့်မြင့်မှာ ကစားနိုင်မယ့် လူငယ်ကစားသမားတွေကို မွေးထုတ်သွားမှာပါဟု ” အဲရစ်ဝီလျံ က ပြောသည်။
အဲရစ်ဝီလျံ ကိုင်တွယ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်းကို AFF U-16 Championship ပြိုင်ပွဲ၊ AFC U-16 Championship Qualification တို့အတွက် ရည်ရွယ်ကာ စခန်းသွင်းလေ့ကျင့်နေခြင်းဖြစ်သည်။