ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲအတွက် KBZ BANK မှ TITLE စပွန်ဆာ ပေးအပ်
August 18, 2016GENERAL AUNG SAN SHIELD 2016 ဗိုလ်လုပွဲမှ အပြုအမူအတွက် မကွေးတိုက်စစ်မှူး ဆိုင်လာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ
August 19, 2016လာမည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် ဂျာမနီ နိုင်ငံ အပါအဝင် ဥရောပ ငါးနိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်မည် ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အသင်းသည် ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနှင့် ဆိုက်ပရပ်စ် နိုင်ငံများသို့ သွားရောက်ကာ လေ့ကျင့်မှုများ ပြုလုပ်ရင်း ခြေစမ်းပွဲများ ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အဆိုပါ နိုင်ငံများတွင် မည်သည့် အသင်းများနှင့် ခြေစမ်းပွဲများ ကစားမည်ကို လက်ရှိ အချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။ မြန်မာ အသင်းအနေဖြင့် စက်တင်ဘာ ၁၀ ရက်တွင် ဂျာမနီနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနှင့် ဆိုက်ပရပ်စ် နိုင်ငံများတွင် တစ်လကျော်ကြာ နေထိုင်လေ့ကျင့်မည် ဖြစ်ကာ အောက်တိုဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အသင်းကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအပြီး လာမည့် သြဂုတ် ၂၃ ရက်တွင် စတင်စုစည်း လေ့ကျင့်သွားမည် ဖြစ်ကာ လက်ရှိတွင် ကစားသမား ၂၆ ဦးရွေးချယ် ထားသည်။
ပဏာမ မြန်မာ့လက်ရွေးစင် အသင်း
ဂိုး – ကျော်ဇင်ဖြိုး(မကွေး)၊ ရန်အောင်လင်း(ရတနာပုံ)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်း)။
နောက်တန်း – နန္ဒကျော်၊ကျော်ဇင်လွင် (မကွေး)၊ ဟိန်းသီဟဇော်၊ဇော်လင်း (ရှမ်းယူနိုက်တက်)၊ ဖြိုးပိုင်စိုး (ဇေယျာရွှေမြေ)၊ ဇော်မင်းထွန်း၊ဒေးဗစ်ထန်(ရန်ကုန်)၊ ဖြိုး ကိုကိုသိန်း (ဧရာဝတီယူနိုက်တက်)၊ အောင်ဇော် (ဟံသာဝတီ)။
အလယ်တန်း – မျိုးကိုထွန်း ၊ လှိုင်းဘိုဘို ၊ရဲကိုဦး၊အောင်သူ (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊
ရန်နိုင်ဦး (ရှမ်းယူနိုက်တက်)၊ ဆော်လမန် (ချင်းယူနိုက်တက်)၊ သီဟဇော် (ဧရာဝတီ)၊ မောင်မောင်လွင် (ဟံသာဝတီ)။
ရှေ့တန်း – ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ ဝင်းနိုင်စိုး (ရတနာပုံ)။