
GENERAL AUNG SAN SHIELD 2016 ဗိုလ်လုပွဲမှ အပြုအမူအတွက် မကွေးတိုက်စစ်မှူး ဆိုင်လာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ
August 19, 2016
တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ရန် မြန်မာ ဖူဆယ်အသင်းထွက်ခွာ
August 23, 2016KBZ BANK U 19 Cup 2016 ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း သည် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သြဂုတ် ၂၄ ရက်၊ ညနေ ၆:၀၀ နာရီ၊ မန္တလာသီရိဘောလုံးကွင်း၌ မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်သည်။ သြဂုတ် ၂၄ ရက် အစောပိုင်းပွဲစဉ်အဖြစ် ညနေ ၃း၀၀ နာရီတွင် ဆာပိုရိုအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ဗီယက်နမ်အသင်းသည် သြဂုတ် ၂၂ ရက်က ကစားခဲ့သည့် အုပ်စုပွဲဦးထွက်တွင် ထိုင်းအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရထား သောအသင်းဖြစ်သည်။ မြန်မာအသင်းသည် ပွဲဦးထွက်တွင် ဂျပန်ကလပ် ဆာပိုရိုအသင်ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ထား သည်။ ထို့ကြောင့် မြန်မာအသင်းသည် နိုင်ပွဲလိုအပ်နေပြီး ဗီယက်နမ်အသင်းနှင့်ပွဲ တွင် ရလဒ်ကောင်းရရှိရန် လိုအပ်နေသည်။ လက်ရှိအချိန်တွင် ဂျပန်ကလပ် ဆာပိုရိုအသင်းက တစ်ပွဲကစား တစ်ပွဲ နိုင် ရမှတ် သုံးမှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေပြီး အလားတူ ဗီယက်နမ်အသင်းမှာလည်း ရမှတ် သုံးမှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။