တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ရန် မြန်မာ ဖူဆယ်အသင်းထွက်ခွာ
August 23, 2016ဥရောပ ခရီးစဉ်တွင် မြန်မာ့လက်ရွေးစင် အသင်း ခြေစမ်းပွဲ ခုနှစ်ပွဲ ကစားမည်
August 27, 2016ဦးမျိုးလှိုင်ဝင်း (မြန်မာလက်ရွေးစင် ယူ-၁၉ နည်းပြ)
သရေရလဒ်အတွက်တော့ ကျေနပ်မိပါတယ်။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကတော့ တိုးတက်မှုရှိတယ်။ ဒါပေမယ့် အင်အားကြီးတဲ့အသင်းတွေနဲ့ ကစားရတဲ့အခါမှ အားကုန်ထုတ်ကစားရတဲ့အတွက် ကြံ့ခိုင်မှုက မလိုက်နိုင်တာမျိုးတွေ ရှိပါတယ်။ ဗိုလ်လုပွဲတက်ဖို့ကတော့ ဘောလုံးဆိုတာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ထိုင်းအသင်းကို အနိုင်ရခဲ့မယ်ဆိုရင် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ မြန်မာအသင်းကို လာအားပေးကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီနေ့ပွဲမှာ ပရိသတ်လာတာ နည်းပေမယ့် တစ်ကွင်းလုံးညံအောင် အားပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဟောင်အန်သူအမ်န် (ဗီယက်နမ်လက်ရွေးစင် ယူ-၁၉ နည်းပြ)
ဒီနေ့ပွဲက ပွဲကောင်းတစ်ပွဲပါ။ မြန်မာအသင်းကလည်း ဒီနေ့ကစားတာ ကောင်းပါတယ်။ ဗိုလ်လုပွဲတက်ဖို့ကတော့ အမှတ်လည်းသိပ်မကွာကြတော့ အသင်းအားလုံးမှာ အခွင့်အရေးညီတူရှိပါတယ်။ မြန်မာအသင်းလည်း နောက်ပွဲသာ အနိုင်ကစားနိုင်ခဲ့ရင် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ ဗီယက်နမ်အသင်းအနေနဲ့ကတော့ ကစားသမားအများစုက ဗီယက်နမ်လိဂ်တွေမှာ ကစားနေတဲ့အတွက် အကုန်လုံးကို ခေါ်မလာနိုင်ခဲ့ပါဘူး။ မြန်မာအသင်းကတော့ ဒီနှစ်တွေမှာ အများကြီးတိုးတက်လာခဲ့ပါတယ်။