
ဥရောပ ခရီးစဉ်တွင် မြန်မာ့လက်ရွေးစင် အသင်း ခြေစမ်းပွဲ ခုနှစ်ပွဲ ကစားမည်
August 27, 2016
AFC NEW COMPETITION FORMAT SEMINAR တက်ရောက်ရန် MFF တာဝန်ရှိသူနှစ်ဦး မလေးရှားသို့ထွက်ခွာ
August 29, 2016KBZ BANK U19 Cup 2016 ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအပြီးတွင် ဗီယက်နမ် အသင်းနှင့် ဆာပိုရိုအသင်းတို့မှာ ဗိုလ်လုပွဲ တက်ရောက်ကစားခွင့်ရခဲ့ပြီး မြန်မာအသင်းနှင့် ထိုင်း အသင်းတို့မှာ တတိယနေရာလုပွဲသာ ကစားရမည်ဖြစ်သည်။
အုပ်စုပွဲစဉ်များအပြီးတွင် ဗီယက် နမ်အသင်းက တစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ ရမှတ် ငါးမှတ်၊ ဆာပိုရိုအသင်းက တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် လေးမှတ်၊ မြန်မာအသင်းက တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် လေးမှတ်၊ ထိုင်းအသင်းက တစ်ပွဲ နိုင်၊ နှစ်ပွဲ ရှုံး ရမှတ် သုံးမှတ် ရရှိခဲ့ကြသည်။ အမှတ်အများဆုံးရရှိခဲ့သည့် ဗီယက်နမ်အသင်းနှင့် ဆာပိုရိုအသင်းတို့မှာ ဗိုလ်လုပွဲကစားရ ပြီး မြန်မာအသင်းနှင့် ထိုင်းအသင်းတို့မှာ တတိယနေရာလုပွဲကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ထိုင်းအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရမှတ် လေးမှတ်ရရှိခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် ဂျပန်ကလပ် ဆာပိုရို ယူ-၁၈ အသင်းက အုပ်စုဒုတိယနေရာဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည့် တတိယနေရာလုပွဲကို သြဂုတ် ၂၈ ရက်၊ ညနေ ၃း၀၀ နာရီ၊ မန္တလာ သီရိ ဘောလုံးကွင်းတွင် ကစားမည်ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့် ဂျပန်ကလပ် ဆာပိုရိုအသင်းတို့၏ ဗိုလ်လုပွဲစဉ်ကို ည ၆း၀၀ နာရီ တွင် ဆက်လက်ကစားမည်ဖြစ်သည်။