KBZ BANK U-19 CUP 2016 ( ဗီယက်နမ် – မြန်မာ ပွဲပြီး နည်းပြများ ပြောစကား )
August 24, 2016မြန်မာ ယူ-၁၉ အသင်းနှင့် ထိုင်းအသင်း တတိယလုပွဲကစားမည်
August 27, 2016နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးဖလား ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှု အဖြစ် မြန်မာ့လက်ရွေးစင် အသင်းသည် ဂျာမနီ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ ဆိုက်ပရပ်စ် နိုင်ငံများသို့ ခြေစမ်း ခရီးစဉ် သွားရောက်မည် ဖြစ်ရာ အဆိုပါ ခြေစမ်းခရီးစဉ် အတွင်း အနည်းဆုံး ခြေစမ်းပွဲ (၇) ပွဲ ကစားမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၁၀ ရက်တွင် ဂျာမနီနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကာ ဂျာမနီနိုင်ငံ ဒုစ်ဘာ့ဂျ်မြို့ကို အခြေပြု၍ နယ်သာလန်၊ ဘယ်လ်ဂျီယံ နိုင်ငံများသို့ သွားရောက်ပြီး ခြေစမ်းပွဲ ၅ ပွဲထိ ကစားမည် ဖြစ်သည်။ ယင်းနောက် စက်တင်ဘာ ၃၀ ရက်တွင် ဆိုက်ပရပ်စ် နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကာ ဆိုက်ပရပ်စ် နိုင်ငံ အီယာနာပါမြို့တွင် နေထိုင်ကာ ခြေစမ်းပွဲ (၂) ပွဲ ကစားမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အီတလီနိုင်ငံတွင်လည်း ခြေစမ်းပွဲများ ကစားနိုင်ရန် ကြိုးပမ်းလျှက် ရှိပြီး ကြိုးပမ်းမှု အောင်မြင်ခဲ့ပါက အီတလီ နိုင်ငံသို့ပါ သွားရောက်ကာ ခြေစမ်းပွဲ သွားရောက် ကစားမည် ဖြစ်သည်။ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လက်ရှိတွင် အီတလီနာမည်ကြီး အင်တာမီလန် ကလပ်အသင်းမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်လျှက် ရှိသည်။ သို့ဖြစ်ရာ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် မူလက အောက်တိုဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သော်လည်း အီတလီသို့ သွားရောက် ဖြစ်ပါက အောက်တိုဘာ ၂၀ ရက်ခန့်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်း၏ ခြေစမ်းပွဲစဉ်များ
13.9.2016 MNT Vs EVV Echt 3rd Division Netherlands
20.9.2016 MNT Vs Koninklijke Berchem 3rd Division Belgium
22.9.2016 MNT Vs Roda JC Jerkrade U23 1st Division Netherlands
26.9.2016 MNT Vs VVV-Venlo 2nd Division Netherlands
28.9.2016 MNT Vs Patro Eisden 2nd Division Belgium
5.10.2016 MNT Vs Cyprus National U21 National Cyprus
8.10.2016 MNT Vs Enosis Neon Paralimni 1st Division Cyprus
13.10.2016 MNT Vs ( ) TBC Cyprus
17.10.2016 MNT Vs ( ) TBC Italy
MNT = Myanmar National Team