AFC NEW COMPETITION FORMAT SEMINAR တက်ရောက်ရန် MFF တာဝန်ရှိသူနှစ်ဦး မလေးရှားသို့ထွက်ခွာ
August 29, 2016သြစတြေးလျနှင့်ပွဲတွင် ရလဒ်ကောင်းရရန် မျှော်မှန်းထားဟု မြန်မာအသင်း နည်းပြ ပြော
September 13, 2016မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင် အသင်းများ၏ တစ်ဦးချင်း စွမ်းဆောင်ရည်၊ အသင်းလိုက် စွမ်းဆောင်ရည်နှင့် နည်းစနစ်ပိုင်း သုံးသပ် ချက်များ အတွက် နာမည်ကြီး Football Analysis Software ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် InStat နှင့် စာချုပ် ချုပ်ဆို လိုက်ပြီ ဖြစ်သည်။
InStat ၏ ဝန်ဆောင်မှုများကို လက်ရှိတွင် ကမ္ဘာကျော် ကလပ်အသင်း ကြီးများ ဖြစ်သည့် မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ ပီအက်စ်ဂျီ စသည့် အသင်းများ အပါအဝင် အသင်းပေါင်း များစွာက ရယူအသုံးပြုလျှက် ရှိနေပြီး အာဆီယံ ဒေသတွင်း အသင်းများလည်း အသုံးပြုလျှက် ရှိသည်။
InStat အနေဖြင့် မြန်မာ့လက်ရွေးစင် အသင်း၊ လာမည့် ၂၀၁၇ တွင် မလေးရှား ဆီးဂိမ်း ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်း၊ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း စသည့် အသင်း (၄) သင်းအတွက် လေ့လာသုံးသပ်ချက် များ ပြုလုပ်ပေးသွားမည် ဖြစ်သည်။ သုံးသပ်ချက်များ အနေဖြင့် ပြိုင်ပွဲတစ်ခု အတွင်း စွမ်းဆောင် ရည် သုံးသပ်ချက်၊ တစ်ပွဲချင်း သုံးသပ်ချက်၊ ကစားသမား တစ်ဦးချင်း ပွဲအပြီး သုံးသပ်ချက်၊ အသင်းလိုက် ပွဲပြီး သုံးသပ်ချက် စသည့် သုံးသပ်လေ့လာချက် အမျိုးမျိုး ပါဝင်သည်။ အဆိုပါ သုံးသပ်ချက်များသည် အသင်းများ လေ့ကျင့်ပြင်ဆင်ရာတွင် များစွာအထောက်အကူ ရရှိနိုင် သဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၁၈ လ သက်တမ်းရှိ စာချုပ်ကို ချုပ်ဆို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ InStat နှင့် စာချုပ်ချုပ်ဆိုမှု အပေါ် မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက “ခုလို InStat နဲ့ စာချုပ် လိုက်တာ လက်ရွေးစင် အသင်းတွေ အတွက် နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အသေးစိတ် ထောက်ပြနိုင်မှာ ဖြစ်လို့ အရမ်းကောင်းပါတယ်။ အဖွဲ့ချုပ် အနေနဲ့ တစ်ကယ့်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။