ဘောလုံး သုံးသပ်ချက် ဝက်ဘ်ဆိုက်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ စာချုပ်ချုပ်ဆို
August 31, 2016YOUTH NEWSPAPER CUP 2016 ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲသို့ ဆီးဂိမ်း အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်
September 22, 2016AFF VIETCOMBANK U-19 Championship 2016 ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ယူ ၁၉ ဘောလုံးအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် သြစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် ရလဒ်ကောင်းရရန် မျှော်မှန်းထားသည်ဟု အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောသည်။
စက်တင်ဘာ ၁၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ၃း၃၀ ၊ ဟန်ဒေးဘောလုံးကွင်းတွင် မြန်မာအသင်းနှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု ပထမပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိထားသလို သြစတြေးလျအသင်းမှာလည်း ပွဲဦးထွက်တွင် ကမ္ဘောဒီးယားအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရထားသည်။ “ ပွဲဦးထွက်မှာ ကစား သမားတွေမှာထားတဲ့ အတိုင်း အကောင်းဆုံးကစားနိုင်ခဲ့တယ်။ လိုချင်တဲ့ အနိုင်သုံးမှတ်လဲ ရခဲ့တယ်။ ဒုတိယပွဲအဖြစ် ကစား ရမယ့် သြစတြေးလျအသင်းက တောင့်တင်းကြံ့ခိုင်တဲ့အသင်းတစ်သင်းပါ။ သူတို့ကစားထားတဲ့ ပွဲကိုလဲ ကြည့်ထားပြီးပါပြီ။ ဒီပွဲမှာလဲ အနိုင်ရ ဖို့ မျှော်လင့်ထားပါတယ်”ဟု မြန်မာ ယူ ၁၉ အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောသည်။
အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၊ အုပ်စု(ခ)တွင် မြန်မာ ယူ ၁၉ အသင်းသည် ထိုင်း၊ လာအို၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေပြီး လက်ရှိအချိန်တွင် တစ်ပွဲကစား၊ တစ်ပွဲ နိုင် ရမှတ်သုံးမှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာအသင်းနှင့် သြစတြေးလျအသင်းတို့ပွဲစဉ်ကို အောက်ဖော်ပြပါ Youtube Link မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။