YOUTH NEWSPAPER CUP 2016 ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲသို့ ဆီးဂိမ်း အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်
September 22, 2016ပဏာမ မြန်မာ့လက်ရွေးစင် အသင်း ကစားသမား (၂)ဦး လျှော့ချခြင်း
September 28, 2016မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် MFF Grassroots Football Festival 2016 မော်လမြိုင် ဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရာမည အားကစားကွင်းတွင် စက်တင်ဘာလ ၂၅ရက်နေ့ က ကျင်းပခဲ့ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်မြင့်ခိုင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် (CEO) ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း တို့တက်ရောက်ခဲ့ကြပြီး အဆိုပါပွဲကို အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ် ၃၀၀ ခန့် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် (CEO) ဦးဘုန်းနိုင်ဇော် တို့မှ အဖွင့်အမှာစကားနှင့်
နှုတ်ခွန်းဆက် စကားတို့ပြောကြားပေးခဲ့ပြီး ဒေါက်တာထိန်လင်း၊ ဦးဘုန်းနိုင်ဇော် နှင့် ဦးအောင်မြင့်ခိုင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း မှ မွန်ပြည်နယ်အတွင်းရှိ ပညာရေးကျောင်းများအတွက် ဘောလုံး အလုံး ၁၀၀၀ ပေးအပ်လှူဒါန်းခဲ့ပြီး
မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင့်အောင် က လက်ခံခဲ့သလို၊ မွန်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန အတွက် ဘောလုံး အလုံး ၁၀၀ ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် (CEO) ဦးဘုန်းနိုင်ဇော်
က ပေးအပ်ခဲ့ပြီး မွန်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးအောင်ထွန်းမြင့် က လက်ခံရယူခဲ့သည်။