
MFF GRASSROOTS FOOTBALL FESTIVAL 2016 မော်လမြိုင် ဖွင့်ပွဲ အခမ်းအနားကျင်းပ
September 26, 2016
AFC MA Coaching Instructors Course နည်းပြ ဆီဗာဂျီနှင့် တွေ့ဆုံခြင်း
October 4, 2016ဂျာမနီနိုင်ငံတွင် ရောက်ရှိနေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ဥရောပ ကလပ်အသင်းများနှင့် ခြေစမ်းပွဲ (၄)ပွဲ ကစားပြီးနောက် လက်ရှိ လူစာရင်း (၂၅)ဦးမှ (၂)ဦး လျှော့ချကာ ပဏာမ ကစားသမား ၂၃ ဦးဖြင့် ဆက်လက် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ပဏာမ လူစာရင်းမှ ချန်လှပ်ခဲ့ရသည့် ကစားသမား (၂)ဦးမှာ ရှေ့တန်းလူ ကျော်ကိုကို နှင့် ကွင်းလယ်လူ သီဟဇော်တို့ ဖြစ်ကြပြီး ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် Emirates လေကြောင်းလိုင်း လေယာဉ်အမှတ် EK 56 ဖြင့် ဂျာမနီမှ ဒူဘိုင်း (ယူအေအီး)၊ ယင်းမှ လေယာဉ်အမှတ် Emirates – EK 388 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အသင်းနည်းပြ အဖွဲ့အနေဖြင့် အဆိုပါ ကစားသမား(၂)ဦးအား ဆိုက်ပရပ်စ် လေ့ကျင့်ရေး ခရီးစဉ်သို့ လိုက်လိုက လိုက်ပါ နေထိုင်ပြီးမှသာ အတူတကွ ရန်ကုန်သို့ပြန်ရန် (သို့မဟုတ်) ဆိုက်ပရပ်စ်ထိ မလိုက်တော့ဘဲ ဂျာမနီမှ ရန်ကုန်သို့ ပြန်မည်ဆိုက ပြန်ရန် ရွေးချယ်ခွင့်ပေးခဲ့ရာ ကစားသမားများမှ ရန်ကုန်သို့ ပြန်ရန်သာ ရွေးချယ်ခဲ့သဖြင့် လေယာဉ်ခရီးစဉ် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား (၂၃)ဦး စာရင်း
——————————————-
ဂိုး
၁။ ကျော်ဇင်ဖြိုး (မကွေး)
၂။ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)
၃။ ရန်အောင်လင်း (ရတနာပုံ)
နောက်တန်း
၄။ ဒေးဗစ်ထန် (ရန်ကုန်)
၅။ ဇော်မင်းထွန်း (ရန်ကုန်)
၆။ ဖြိုးကိုကိုသိန်း (ဧရာဝတီ)
၇။ နန္ဒကျော် (မကွေး)
၈။ ကျော်ဇင်လွင် (မကွေး)
၉။ အောင်ဇော် (ဟံသာဝတီ)
၁၀။ ဇော်လင်း (ရှမ်း)
အလယ်တန်း
၁၁။ မျိုးကိုထွန်း (ရတနာပုံ)
၁၂။ ရဲကိုဦး (ရတနာပုံ)
၁၃။ ရန်အောင်ကျော် (ရန်ကုန်)
၁၄။ မောင်မောင်လွင် (ဟံသာဝတီ)
၁၅။ လှိုင်းဘိုဘို (ရတနာပုံ)
၁၆။ ဇင်ဖြိုးအောင် (ဇွဲကပင်)
၁၇။ ဟိန်းသီဟဇော် (ရှမ်း)
၁၈။ ရန်နိုင်ဦး (ရှမ်း)
၁၉။ ဆက်ဖြိုးေ၀ (မကွေး)
ရှေ့တန်း
၂၀။ အောင်သူ (ရတနာပုံ)
၂၁။ သန်းပိုင် (ရန်ကုန်)
၂၂။ ဝင်းနိုင်စိုး (ရတနာပုံ)
၂၃။ ဆမ်လန်မန် (ချင်း)