ခြေစမ်းပွဲတွင် ဆိုက်ပရပ်စ် ယူ၂၁ အသင်းအား (၃-၁) ဂိုးဖြင့် မြန်မာအသင်း အရေးနိမ့်
October 7, 2016၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိ
October 17, 2016၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံးဒိုင်လူကြီးသင်တန်း (၂/၂၀၁၆) ဖွင့်ပွဲကျင်းပအခမ်း အနားကို အောက်တိုဘာ ၁၄ ရက်၊ နံနက် ၁၀:၀၀ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းချိုနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အထွေ ထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ လူငယ်မျိုးဆက်သစ် ဒိုင်လူကြီးသစ် များ ပေါ်ထွက်စေရေးအတွက် သင်တန်းများ ဖွင့်လုစ်ပေးသည့် ဒိုင်ကော်မတီ ဌာနကို ကျေးဇူးတင်ရှိပါကြောင်း၊ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် တာဝန်ယူခွင့်ရရှိထားသည့် ဒိုင်ကော်မတီဌာနမှ ဒိုင်လူကြီး ဒေါ်သိန်းသိန်း အေးအား ဂုဏ်ယူ ပါကြောင်း၊ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖူဆယ်လိဂ်ပြိုင်ပွဲများ နှစ်စဉ်ကျင်းပနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ပြည်တွင်းလိဂ်ပြိုင်ပွဲများမှ တစ်ဆင့် အာဆီယံ၊ အာရှ၊ ကမ္ဘာ့အဆင့်ထိ ကိုင်တွယ်နိုင်သည့် ထူးချွန်ထက်မြတ်သော ဒိုင်လူကြီးများ ဖြစ်ရန် ကြိုးစားဖို့ လိုအပ်အကြောင်း အဖွင့်အမှာစကားပြောခဲ့သည်။ ၂၀၁၆ ခုနှစ် လူငယ်မျိုးဆက်သစ် ဖူဆယ်ဘောလုံး ဒိုင်လူကြီးသင်တန်း (၂/၂၀၁၆) တွင် စုစုပေါင်း သင်တန်းသား/သင်တန်းသူ ၂၀ ဦး တက်ရောက်လျက် သည်။