၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိ
October 17, 2016မြန်မာ ယူ-၁၈ အသင်းကို ကလပ်အသင်းများမှ ကစားသမားများဖြင့် အင်အား ဖြည့်တင်းမည်
October 26, 2016အာရှဘောလုံးအဖွဲ့ချုပ် ‘အေ’ လိုင်စင် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့ မနက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ သင်တန်းနည်းပြဆရာ Mr. Morteza Mohases ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်နှင့် နည်းပြဆရာ Mr. Morteza Mohases တို့ကို သင်တန်းသား တစ်ဦးချင်းစီနှင့် မိတ်ဆက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ” ဒီသင်တန်းမှာ ဘောလုံးသမားဟောင်းအများစု တက်ရောက်ကြတာတွေ့တဲ့အတွက် ဝမ်းသာပါကြောင်း၊ နည်းပြတစ်ယောက်အနေနဲ့ ဘောလုံးသမားတွေကို သင်ပေးနိုင်ရုံသာမကပဲ အဝတ်အစား၊ အနေအထိုင်ကအစ စံပြဖြစ်နေဖို့ လိုကြောင်း၊ ကစားသမားတွေကို နားလည်အောင် ရှင်းပြနိုင်ဖို့ presentation skill လည်း ကောင်းဖို့လိုကြောင်း၊ နိုင်ငံအတွက် လိုအပ်နေသည့် နည်းပြကောင်းတွေဖြစ်ဖို့ ကြိုးစားကြစေလိုကြောင်း” ပြောကြားသွားသည်။
ထို့နောက် သင်တန်းနည်းပြဆရာ Mr. Morteza Mohases က ဘောလုံးဟာ ဘဝရဲ့ သင်တန်းကျောင်းတစ်ခုဖြစ်ကြောင်း၊ သူ့အနေနဲ့ ဘောလုံးနည်းစနစ်ပိုင်းသာမကပဲ ကိုယ့်ကျင့်တရားတွေ၊ သိက္ခာတွေ၊ ဘဝနေထိုင်မှုတွေကိုပါ စံပြဖြစ်အောင် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာဘောလုံးလောကအတွက် ကြိုးစားဆောင်ရွက်ပေးနေသော ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုလည်း ချီးကျူးပါကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အာရှဘောလုံးအဖွဲ့ချုပ် အေလိုင်စင် နည်းပြသင်တန်းကို အောက်တိုဘာလ ၁၇ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား ၂၄ ဦးတက်ရောက်လျက်ရှိသည်။