အာရှဘောလုံး အဖွဲ့ချုပ် AFC ၏ ANNUAL AWARDS ဆုပေးပွဲကို အဘူဒါဘီတွင် ကျင်းပမည်
October 27, 2016AFF Suzuki Cup 2016 Trophy Tour & Promotion
November 1, 2016မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်း နည်းပြချုပ် အဲရစ်ဝီလျံသည် ၎င်း၏ မိသားစုကိစ္စရပ်များကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့လာသဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ နှစ်ဘက်သဘောတူညီချက်အရ စာချုပ်ဖျက်သိမ်း လိုက်သည်။
အဲရစ်ဝီလျံသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ၂၀၁၅ ခုနှစ် သြဂုတ်လ ကတည်းက လက်တွဲခဲ့ခြင်း ဖြစ်ပြီး မြန်မာ့လက်ရွေးစင ်ယူ-၂၁ အသင်း၊ ယူ-၁၆ အသင်းများကို ကိုင်တွယ် ခဲ့ဖူးကာ လက်ရှိတွင် ယူ-၁၄ အသင်းကို ကိုင်တွယ်နေသည့် နည်းပြတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အဲရစ်ဝီလျံကို ပြီးခဲ့သည့် သြဂုတ်လ အတွင်းက သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုထားခဲ့ရာ ယခုလမ်းခွဲလိုက်ချိန်တွင် စာချုပ်သက်တမ်း တစ်နှစ်ခန့် ကျန်ရှိနေသည်။
လက်ရှိတွင် မြန်မာ ယူ-၁၄ အသင်းကို လက်ထောက် နည်းပြများ ဖြစ်သည့် ဦးတင်မောင်ဝင်း၊ ဦးခင်မောင်ထွေး၊ ဦးမောင်မောင်မြင့်တို့မှ ဆက်လက် တာဝန် ယူကိုင်တွယ်လျှက် ရှိပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း သင့်လျှော်သည့် နည်းပြ တစ်ဦးကို မကြာမီ ခန့်အပ် သွားမည် ဖြစ်သည်။