မြန်မာနှင့် အင်ဒိုနီးရှားတို့၏ ခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
November 3, 2016အိုမန်နှင့် ခြေစမ်းပွဲ လက်မှတ်များကို နိုဝင်ဘာ ၁၃ ရက်တွင် စတင်ရောင်းချမည်
November 8, 2016ဆူဇူကီး ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့် နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ညနေ(၅း၀၀)နာရီက အုပ်စု(က)အသင်း တစ်သင်းဖြစ်သည့် အင်ဒိုနီးရှား အသင်းနှင့် သုဝဏ္ဏကွင်းတွင် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ ပွဲစဉ်တွင် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း -ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ အလယ်တန်း – ကောင်းဆက်နိုင်၊ ရဲကိုဦး၊ ရန်အောင်ကျော်၊ ရန်နိုင်ဦး၊ ရှေ့တန်း – အောင်သူ၊ သန်းပိုင် စသည့်လူစာရင်းဖြင့် ပွဲထွက်ခဲ့သည်။
ပထမပိုင်းတွင် အိမ်ရှင် မြန်မာရော အင်ဒိုနီးရှား အသင်းပါ အပိုင် ကန်သွင်းခွင့် များများစားစား မရှိခဲ့သလို ကွင်းလယ်နှင့် ရှေ့တန်း ချိတ်ဆက်မှု အားနည်းခဲ့ကာ ဘောလုံး ပေးပို့မှု အမှားအယွင်း များခဲ့သည်။ ဒုတိယပိုင်းတွင် ကောင်းဆက်နိုင် အစား ဆမ်လန်မန်၊ ရန်နိုင်ဦး အစား မျိုးကိုထွန်း၊ အောင်သူ အစား မောင်မောင်လွင်၊ ဝင်းနိုင်စိုး အစား သန်းပိုင်တို့ ဝင်ရောက် ကစားခဲ့သည်။ သို့သော် အင်ဒိုနီးရှား နောက်တန်း အမှား အယွင်းမရှိ ကာကွယ် ဖျက်တောက် ထားနိုင်မှုကြောင့် မြန်မာရှေ့တန်းလူများ အလုပ်မဖြစ်ခဲ့ပေ။ အလားတူ အင်ဒိုနီးရှား တိုက်စစ်ကိုလည်း မြန်မာနောက်တန်းနှင့် ကွင်းလယ် တားဆီး ထားနိုင်ခဲ့ခြင်းကြောင့် ဂိုးမရှိသရေ ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။
” ဒီနေ့ ကစားပုံနဲ့ဆိုရင်တော့ ကျွန်တော်တို့အသင်း အုပ်စု(က)ကနေ တက်ဖို့ အလားအလာ မရှိပါဘူး။ ခြေစမ်း ပွဲရလဒ် ကိုတော့ ကျေနပ်ရ မှာပါ။ မြန်မာအသင်း နောက်တန်း ကစားပုံ ကောင်းလွန်းလို့ ကျွန်တော်တို့ ဂိုးမရတာပါ။ အုပ်စု(ခ)မှာ မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ပါလိမ့်မယ်။” ဟု အင်ဒိုနီးရှား နည်းပြချုပ် အဲဖရက် ရီဒယ်က ပြောကြားခဲ့သည်။
မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီက” ဒီနေ့ပွဲ အနိုင်မရတဲ့ အဓိကအချက်က ဘောလုံး ပေးပို့မှုတွေ အရမ်းကို နှေးလွန်းပါတယ်။ ဥရောပမှာ လေ့ကျင့် ကစားခဲ့စဉ်က ကောင်းကောင်း လုပ်နိုင်ကြတဲ့ ပွဲတွေရှိသလို အခုလိုပဲ အမှားများခဲ့ တဲ့ပွဲတွေလည်း ရှိပါတယ်။ ဒီနေ့ပွဲကတော့ ကစားသမားတွေမှာ ဘောလုံး ဆုံးရှုံးမှုတွေ များတယ်။ အထူးသဖြင့် အောင်သူဆိုရင် ဘောလုံးတွေ ဆုံးရှုံးတာ များတယ်။ ဥရောပမှာ ကစားခဲ့စဉ်က ဆိုရင် ဆိုက်ပရပ်စ် ကလပ်အသင်းတွေက အောင်သူကို ခေါ်ဖို့အထိ စိတ်ဝင်စားခဲ့ကြတယ်။ ဒီနေ့လို ခြေစွမ်းမျိုးနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရဲကိုဦးလည်း ဒီနေ့ပွဲ အမှားများခဲ့ပါတယ်။ လာမယ့် အိုမန်နဲ့ ပွဲမှာတော့ ဒီနေ့ပွဲနဲ့ မတူတဲ့ ကစားဟန် မြင်တွေ့ရမှာပါ။ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်မှုတွေ ရလာမှာပါ။ ဆူဇူကီး ဖလားမှာလည်း ကွ ျန်တော်တို့ မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ပါမယ်။” ဟု မီဒီယာများအား ဖြေကြားသွားခဲ့သည်။