လာမည့် ဒီဇင်ဘာတွင် မြန်မာ ယူ-၂၂ အသင်း နှင့် မလေးရှားအသင်းတို့ ခြေစမ်းမည်
November 8, 2016ကမ္ဘောဒီးယားနှင့် ပွဲတွင် သုံးမှတ် အရယူမည်ဟု မြန်မာအသင်း နည်းပြချုပ် ပြောကြား
November 22, 2016၂၀၁၆ ဆူဇူကီးဖလား အုပ်စုအဆင့် အုပ်စု(ခ) ပွဲစဉ် ဖြစ်သည့် မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ပွဲစဉ်တွင် ဗီယက်နမ်အသင်းကို နှစ်ဂိုးတစ်ဂိုး ဖြင့်ရှုံးနိမ့်ခဲ့ရသည်။
မြန်မာအသင်း သည် ဗီယက်နမ်နှင့် ပွဲတွင် ပွဲထွက် လူစာရင်း၌ ကျော်ဇင်ဖြိုး (ဂိုး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်း၊ နန္ဒကျော်၊ ရန်အောင်ကျော်၊ ရဲကိုဦး၊ ကောင်းဆက်နိုင်၊ အောင်သူ၊ ဝင်းနိုင်စိုး၊ ဖြိုးကိုကိုသိန်း၊ မောင်မောင်လွင်တို့နှင့် ပွဲထွက်လာခဲ့သည်။ မြန်မာ အသင်းသည် ပွဲစသည်နှင့် ဗီယက်နမ် အသင်းဘက်သို့ ထိုးဖောက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ပွဲချိန် ခြောက်မိနစ်အတွင်း ဂိုးကန်သွင်းမှု သုံးကြိမ်ခန့် ပြုလုပ်နိုင်ခဲ့သည်။ ဗီယက်နမ် အသင်းကလည်း မြန်မာ အသင်းဘက်သို့ ပြန်လည် ထိုးဖောက်မှုများ ပြုလုပ်လာခဲ့ရာ ပွဲချိန် ၉ မိနစ်အရောက်တွင် ဗီယက်နမ် တိုက်စစ်မှူး၏ ကန်ချက်မှာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့သည်။ ပွဲချိန် ၁၀ မိနစ် နောက်ပိုင်းတွင် ဗီယက်နမ် အသင်းက မြန်မာအသင်းကို ပိုမိုဖိအားပေး ကစားလာခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် ဗီယက်နမ် တိုက်စစ်မှူး Nguyen Quyetက ဗီယက်နမ် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူသွားခဲ့သည်။ ပထမပိုင်းလက်ကျန် မိနစ်များတွင် နှစ်သင်းစလုံး ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း ပထမပိုင်း အပြီးတွင်း ဗီယက်နမ် အသင်းက (၁-ဝ) ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် မြန်မာအသင်းသည် ရဲကိုဦးအစား မျိုးကိုထွန်းကို ပြောင်းလဲအသုံးပြုခဲ့ပြီး ချေပဂိုး ရရှိရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင် တိုက်စစ်တွင်လည်း ဝင်းနိုင်စိုး အစား သန်းပိုင်ကို ထည့်သွင်းကာတိုက်စစ်ပိုင်း အပြောင်းအလဲ လုပ်ခဲ့သည်။ မြန်မာအသင်းသည် ပွဲချိန် ၆၉ မိနစ်တွင် အကောင်းဆုံး အခွင့်အရေး တစ်ကြိမ်ရရှိခဲ့သော်လည်း နန္ဒကျော် အသုံးအချနိုင်ခဲ့ပေ။ သို့သော် ပွဲချိန် ၇၃ မိနစ်တွင်မူ တိုက်စစ်မှူး အောင်သူက ဘယ်ခြေဖြင့် ဧရိယာ အပြင်ဘက်မှ ကန်သွင်းကာ မြန်မာအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့သည်။
သို့သော် ပွဲချိန်မိနစ် ၈၀ တွင် ဗီယက်နမ် အသင်းခေါင်းဆောင် Le Cong Vinh က ဗီယက်နမ် အသင်းဘက်သို့ ဒုတိယဂိုးကို သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် (၂-၁) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသည်။