ကမ္ဘောဒီးယားနှင့် ပွဲတွင် သုံးမှတ် အရယူမည်ဟု မြန်မာအသင်း နည်းပြချုပ် ပြောကြား
November 22, 2016အိမ်ကွင်းပရိသတ် ရှေ့တွင် ခြေစွမ်းပြကစားပြီး မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်
November 26, 2016မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းနှစ်ပွဲစဉ်တွင် အသင်း၏ ပွဲထွက်လူးစရင်းကို နှစ်နေရာ အပြောင်းအလဲ ပြုလုပ်ကာ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအသင်းသည် ပြိုင်ဘက် အသင်းကို ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့သော်လည်း ပွဲချိန် ၁၄ မိနစ်တွင် တန်ပြန်တိုက်စစ်မှ တစ်ဆင့် ကမ္ဘောဒီးယား အသင်း၏ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရသည်။ မြန်မာအသင်းသည် ဦးဆောင်ဂိုး ပေးခဲ့ရပြီးသည့်နောက် ပြိုင်ဘက်အသင်းကို တရစပ် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်တွင် ဇော်မင်းထွန်းက ထောင့်ကန်ဘောမှ တစ်ဆင့် မြန်မာအသင်းအတွက် ချေပဂိုး ကိုသွင်းယူပေးခဲ့သည်။ ထို့အပြင် ပွဲချိန် မိနစ် ၄၀တွင်လည်း ဇော်မင်းထွန်းပင် မြန်မာအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သော ကြောင့်ပထမပိုင်း အပြီးတွင် မြန်မာအသင်းက (၂-၁) ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် အောင်သူက မြန်မာ အသင်းအတွက် တတိယဂိုးကို သွင်းယူပေးခဲ့သည်။ မြန်မာအသင်းအနေဖြင့် လက်ကျန်အချိန်များတွင် တိုက်စစ်ဆင် ကစားခဲ့သော်လည်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိသည့် အတွက် ပွဲအပြီးတွင် မြန်မာ အသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စု ဒုတိယ နေရာကို တက်လှမ်းနိုင်ခဲ့သည်။
မြန်မာအသင်း၏ နည်းပြချုပ် ဂတ်ဆီဇီက “ဒီနေ့နိုင်အတွက် ပရိသတ်တွေရော ကစားသမားတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်။ မလေးရှားနဲ့ ပွဲမှာ သရေကျတာနဲ့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်တယ် ဆိုပေမဲ့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ကစားမှာပါ။ ကြားထဲမှာ ရတဲ့ အချိန်တွေမှာ ကစားသမားတွေကို စိတ်ဓါတ်မြှင့်တင်မှုတွေ လုပ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။