အိမ်ကွင်းပရိသတ် ရှေ့တွင် ခြေစွမ်းပြကစားပြီး မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်
November 26, 2016ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း ဧရာဝတီ ယူနိုက်တက်နှင့် ခြေစမ်းပွဲတွင် သရေရလဒ် ထွက်ပေါ်
December 7, 2016မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ (အိမ်ကွင်း) ပွဲစဉ်တွင် နှစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။
မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့် ပထမကျော့ ပွဲစဉ်တွင် ကမ္ဘောဒီးယား၊ မလေးရှားအသင်းတို့ကို အနိုင်ရရှိခဲ့သော လူစာရင်းအတိုင်း ပွဲထွက်လာခဲ့သည်။ ပွဲစတင် ချိန်ကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့ပြီး ထိုင်းအသင်းက မြန်မာအသင်းဘက်ကို ပွဲချိန် ၅ မိနစ်အတွင်း နှစ်ကြိမ်အထိ ဖိအားပေးနိုင် ခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် မြန်မာအသင်းတိုက်စစ်မှူး ကောင်းဆက်နိုင် အပိုင်အခွင့် အရေး ရခဲ့ပေမဲ့ လွဲချော်ခဲ့ရသည်။ ပွဲချိန် ၂၃ မိနစ်တွင် ထိုင်းအသင်း တိုက်စစ်မှူး သီရာဆေး ဒန်ဒါက ထိုင်းအသင်းအတွက် အဖွင့်ဂိုး ကို ဂိုးသမားနှင့် တစ်ယောက်ချင်း တွေ့ဆုံ ချိန်တွင် ကန်သွင်းပေး ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်း ပွဲကစား ချိန်တွင် ချေပဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း လူကျွံ့နေခဲ့တာကြောင့် ပထမပိုင်း ပွဲအပြီးတွင် ထိုင်းအသင်းက (၁-ဝ)ဂိုး ဖြင့် အနိုင်ရရှိနေခဲ့သည်။
ဒုတိယပိုင်း ပွဲပြန်လည် စတင်ချိန်တွင် မြန်မာအသင်း အခွင့် အရေးတစ်ချိုက ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန် ၅၅ မိနစ်တွင် သီယာဆေး ဒန်ဒါကပဲ ထိုင်းအသင်းအတွက် ဒုတိယဂိုး သွင်းယူပေးသွားခဲ့သည်။ ပွဲချိန် ၇၉ မိနစ်တွင် မြန်မာအသင်း တိုက်စစ် မှူး အောင်သူ ဂိုးသမားနှင့် တစ်ယောက်ချင်း ကန်သွင်းခွင့် ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ခြင်းကြောင့် ပွဲအပြီး တွင် နှစ်ဂိုးဂိုးမရှိဖြင့် အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ရသည်။
“အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အသုံးမမချနိုင်ခဲ့ဘူး။ တစ်ဦးခြင်းမှားခဲ့တဲ့ အမှားတွေက အပြစ်ပေးခံလိုက်ရတယ်။ အစပိုင်းမှာ တော့ ထိုင်းအသင်းကို အနည်းငယ်ရှိန်နေခဲ့ပြီး နောက်ပိုင်းမှာတော့ ပိုကောင်းလာခဲ့ပါတယ်။ ဒီနေ့ပွဲ နှစ်ဂိုးရှုံးခဲ့ရပေမဲ့ ထိုင်းမှာ သွားကစားခဲ့တဲ့ အဝေးကွင်းပွဲမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ပွဲသိမ်းခရာ မမှုတ်မချင်း ကျွန်တော်တို့ ဆီမှာ အခွင့်အရေး ရှိနေပါတယ်။ နောက်တစ်ဆင့်တက်ဖို့ အာမမခံနိုင်ပေမဲ့ ကစားပုံကောင်းဖို့အတွက်တော့ အာမခံနိုင်ပါတယ်”ဟု မြန်မာအသင်းနည်းပြချုပ် ဂတ်ဆီဇီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။