လူငယ်စီမံကိန်းများ ဆောင်ရွက်ရန်နှင့် ယူ-၁၄ အသင်းကို တာဝန်ယူရန် ပြင်သစ်လူမျိုး နည်းပြတစ်ဦး ခန့်အပ်
December 16, 2016ယိုကိုဟားမားအသင်းကို ရှုံးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရန် အခွင့်အရေးနည်းသွားတဲ့ မြန်မာ့လက်ရွေးစင် ယူ ၂၁ အသင်း
December 20, 2016International U-21 Tournament – Youth Newspaper Clear Men Cup 2016 ပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်အဖြစ် မြန်မာ ယူ ၂၁ အသင်းနှင့် ယူ ၂၁ ဗီယက်နမ်သတင်းစာအသင်းတို့သည် ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီက ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေပွဲဖြစ်ခဲ့သည်။
မြန်မာ ယူ ၂၁ အသင်းတွင် ဂိုး- ဘုန်းသစ္စာမင်း၊ နောက်တန်းတွင် ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ ထလန်ဟုတ်ထန်၊ နန္ဒကျော်တို့ပါဝင်ခဲ့ပြီး စွမ်းထက်အောင်၊ သန်းဇော်ဟိန်း၊ ဇင်ဖြိုးအောင်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ သန်းပိုင် အစရှိသဖြင့် လူစုံပါဝင်ပွဲထွက်ခဲ့ပြီး ဗီယက်နမ်အသင်းကို ရင်ဆိုင်ခဲ့သည်။ ပထမပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထိုးဖောက်ကစားနိုင်ခဲ့ပြီး ဗီယက်နမ်အသင်း၏ မာမာထန်ထန် ကစားပုံကြောင့် မြန်မာအသင်း အခက်တွေ့ခဲ့ရသည်။ ထို့အတူ မြန်မာအသင်း နောက်တန်းကလည်း ဗီယက်နမ်အသင်း၏ တိုက်စစ်ကို အမှားအယွင်းမရှိ တားဆီးထားနိုင်သောကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေဖြစ်ခဲ့သည်။
ဒုတိယပိုင်း ၇၇ မိနစ်တွင် လူစားဝင်ရောက်လာသည့် ဗီယက်နမ်ကစားသမား Duong Van Hao က ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ဂိုးပေးရပြီးနောက်ပိုင်း မြန်မာအသင်းမှ ချေပဂိုးပြန်လည်ရရှိရန် တိုက်စစ်မြှင့်တင်ကစားလာခဲ့ပြီး ပွဲချိန် ၉၃ မိနစ်တွင် ရန်နိုင်ဦးက အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ -၂၁ အသင်းသည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဂျပန်ကလပ် Yokohama အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။