
နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ သရေပွဲဖြစ်ခဲ့တဲ့ မြန်မာယူ-၂၁ အသင်း
December 18, 2016
အဖွင့်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်း ဆယ်ဂိုးပြတ် အနိုင်ယူပြီး အုပ်စု ပထမနေရာ ရယူ
December 20, 2016ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသော ဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလားပြိုင်ပွဲ အုပ်စု (က) ၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် မြန်မာ့ ယူ – ၂၁ အသင်းနှင့် ဂျပန်ကလပ် ယိုကိုဟားမားအသင်းတို့ ဒီဇင်ဘာလ ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၃နာရီခွဲ (မြန်မာစံတော်ချိန် ညနေ ၃နာရီ) တွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ယိုကိုဟားမားအသင်းက မြန်မာ့လက်ရွေးစင်အသင်းကို လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ – ၂၁ အသင်းတွင် ဗီယက်နမ်သတင်းစာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် လူစာရင်းအတိုင်း ပွဲထွက်ခဲ့ပြီး ယိုကိုဟားမားအသင်းကို ရင်ဆိုင်ခဲ့သည်။ ပွဲစသည်နှင့် ယိုကိုဟားမားအသင်းက လျင်လျင်မြန်မြန်နှင့် မြန်မာအသင်းဖက်ကို တိုက်စစ်ဆင်ကစားခဲ့ပြီး အပေးအယူအချိတ်အဆက်မိမိဖြင့် မြန်မာအသင်းနောက်တန်းကို ခြိမ်းခြောက်ခဲ့သည်။ ယိုကိုဟားမားအသင်းက တောက်လျောက် ဖိအားပေးကစားပြီး ပွဲချိန် ၃၁ မိနစ်တွင် ယိုကိုဟားမားအသင်းအတွက် ရူတာကာနာဆာဝါက သွင်းယူပေးခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် ပွဲချိန် ၃၅ မိနစ်တွင် ယိုတာမာအီဂျီမာက ယိုကိုဟားမားအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရှိရန် ဖိအားပေးကစားရင်း ပွဲချိန် ၅၁ မိနစ်တွင် မောင်မောင်လွင် ထိုးပေးသည့်ဘောလုံးကို လူစားဝင်ရောက်လာသည့် မောင်မောင်စိုးက ပိတ်သွင်းပြီး ချေပဂိုးတစ်ဂိုး ရရှိခဲ့သည်။ ချေပဂိုး ပေးလိုက်ရပြီး ယိုကိုဟားမားအသင်းက ပြန်လည် အသာစီးရလာပြီး မြန်မာအသင်းဖက်ကို ဖိအားပေးတိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၆၂ မိနစ်နှင့် ပွဲချိန် ၆၆ မိနစ်တို့တွင် ယိုကိုဟားမားအသင်းအတွက် တတိယဂိုးနှင့် စတုတ္ထဂိုး ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စု (က)တွင် နှစ်ပွဲကစား၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ်တစ်မှတ် ရရှိထားသည်။