အဖွင့်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်း ဆယ်ဂိုးပြတ် အနိုင်ယူပြီး အုပ်စု ပထမနေရာ ရယူ
December 20, 2016မြန်မာအမျိုးသမီး ယူ-၁၉ အသင်း ကာဂျစ်စတန် ယူ-၁၉ အသင်းကို ဂိုးပြတ်အနိုင်ရရှိ
December 22, 2016မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အဖြစ် ယခုလတွင် စာချုပ်သက်တမ်း ကုန်ဆုံးသွားသည့် ဂျာမနီ နိုင်ငံသား နည်းပြ မစ္စတာ ဂတ်ဆီဇီကို ယနေ့ မွန်းလွဲပိုင်းက (၂)နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ် ချုပ်ဆိုရာတွင် MFF ကိုယ်စား စီအီးအို ဦးဖုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့မှ နည်းပြချုပ် ဂတ်ဆီဇီနှင့် သဘောတူ စာချုပ်ချုပ်ဆို ခဲ့ကြခြင်း ဖြစ်သည်။
” ကျွန်တော် မြန်မာ့ လက်ရွေးစင် အသင်းအသီးသီးရဲ့ နည်းပြ အဖြစ် ၆ နှစ်ကြာအောင် တာဝန်ယူ ဆောင်ရွက်ခဲ့ထားတာ ဆိုတော့ ကိုယ့်နိုင်ငံလို ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ကာလတွေမှာ အမှတ်ရစရာတွေနဲ့ ကျွန်တော်တို့အားလုံး အတူတကွ ကြိုးစားခဲ့ကြပါတယ်။ ဒီလိုပဲ ဆက်ပြီး အတူတူ ကြိုးစားသွားပါမယ်။ နိုင်ငံအတွက်ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်မှုတွေ ရအောင် ပြင်းပြင်းထန်ထန် ကြိုးစား သွားပါမယ်။ ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အတူပါဝင် ဆောင်ရွက်သွားပါမယ်” ဟု ဂတ်ဆီဇီက စာချုပ်ချုပ်ဆို အပြီးတွင် ပြောကြားသွားခဲ့သည်။
လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီသည် မြန်မာ ယူ၂၀ အသင်းအား ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရွေးစင် အသင်းကြီးအားလည်း ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် သို့ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့အပြင် ဘရူနိုင်း ဖိတ်ခေါ်ဖလား ချန်ပီယံဆုလည်း ရယူပေးခဲ့ပြီး မြန်မာလူငယ် အသင်းများနှင့် အောင်မြင်မှု ရရှိခဲ့သူ တစ်ဦးဖြစ်သည်။