၂၀၁၆ ခုနှစ်အတွင်း မြန်မာ့ဘောလုံးလှုပ်ရှားမှု အကျဉ်းချုပ်
January 3, 2017၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရရှိ
January 24, 2017မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) အနေဖြင့် လူငယ် ကစားသမား ပြုစုပျိုးထောင်ရေး စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ တတိယမြောက် ဘောလုံး အကယ်ဒမီ အဖြစ် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ခမ်းနားစွာ ဖွင့်လှစ်သွားမည် ဖြစ်သည်။
အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) တည်ဆောက်မှု လုပ်ငန်းများ အချိန်မီပြီးစီးရေး အတွက် MFF ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယနေ့မနက်ပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လူငယ် ကျောင်းသားများ အတွက် အခန်းတွင်း အခန်းပြင် အသုံးအဆောင် ပစ္စည်းများ ဖြည့်ဆည်းရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းမီ ဖွဲ့စည်းဆောင်ရွက်ရေး၊ နည်းပြဆရာများနှင့် အုပ်ချုပ်မှု အဖွဲ့များ ခန့်အပ်တာဝန်ပေးရေး တို့ကို လမ်းညွှန်မှာကြား ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးရှိ MFF ရုံးချုပ်အနီးတွင် တည်ဆောက်နေသော အမျိုးသား ဘောလုံး အကယ်ဒမီ(ရန်ကုန်)ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က စတင်ပန္နက်ချခဲ့ခြင်း ဖြစ်ပြီး အလျား ၂၄၇ ပေ၊ အနံ ၄၉ ပေ ရှိသည့် ၂ ထပ် အဆောက်အဦ ဖြစ်သည်။ အကယ်ဒမီ ကျောင်းသားများ လေ့ကျင့်သင်ကြားရန် မြက်ခင်းတုကွင်း ၂ ကွင်းလည်းရှိပြီး သင်တန်းခန်းမ၊ အစည်းအဝေး ခန်းမ၊ အဝတ်လဲခန်း၊ ရေချိုးသန့်စင်ခန်း စသဖြင့် နိုင်ငံတကာ အဆင့်မီ အကယ်ဒမီ တစ်ခုဖြစ်လာမည် ဖြစ်သည်။
မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်)အတွက် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၇၈၄၇၉၄.၀၀ ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ FAP မှ ဒေါ်လာ ၂၈၄၇၉၄.၀၀ ၊ ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်မှ မြက်ခင်းတု လေ့ကျင့်ရေး ကွင်း (၂) ကွင်းအတွက် လှူဒါန်းငွေ ဒေါ်လာ ၁၅၀၀၀၀၀.၀၀ နှင့် အဆောက်အဦ အတွင်းပိုင်း ပြင်ဆင်ဖြည့်ဆည်းမှုများ အတွက် ဒေါ်လာ ၅၀၀၀၀၀.၀၀၊ စုစုပေါင်း ဒေါ်လာ (၂)သန်းဖြစ်ပါသည်။