AFC ASIAN CUP UAE 2019 QUALIFIERS မဲခွဲပွဲ ကျင်းပ
January 24, 2017မလေးရှားကို အနိုင်ယူပြီး အုပ်စုပထမနေရာ ရယူနိုင်ခဲ့သော မြန်မာအသင်း ဆီမီးဖိုင်နယ်တွင် အရှေ့တီမောနှင့် ကစားရမည်
January 25, 2017AFF AIS Futsal Championship 2016
Group B
Indonesia 3-6 Myanmar
အာဆီယံ ဖူဆယ်ချန်ပီယံရှစ် အုပ်စု(ခ) ဒုတိယနေ့ ပွဲစဉ်တွင် မြန်မာ ဖူဆယ်အသင်းက ကျစ်လစ်သော ကစားပုံဖြင့် အပိုင်အခွင့်အရေးများ အရယူကာ ပြိုင်ဘက် အင်ဒိုနီးရှားအသင်းကို (၃-၆) ဂိုးအနိုင် ကစားပြီး (၈) နှစ်ကြာ ဝေးကွာနေခဲ့သော အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ပွဲစသည်နှင့် မြန်မာအသင်းက လျင်လျင်မြန်မြန် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပြီး ပွဲစပြီး တစ်မိနစ်မပြည့်ခင်မှာပင် ပြည့်ဖြိုးမောင်က အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ အဖွင့်ဂိုးရပြီး မြန်မာအသင်းကပင် ဆက်တိုက် ဖိအားပေးကစားခဲ့ရာ ပွဲကစားချိန် သုံးမိနစ်တွင် ငြိမ်းမင်းစိုးက ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းအတွက် ချေပဂိုးများကို Syahidansyah Lubis က ပွဲချိန် ၄ မိနစ်တွင် လည်းကောင်း၊ Reza Yamani က ပွဲချိန် ၁၃ မိနစ်တွင် လည်းကောင်း သွင်းယူပေးခဲ့ပြီး တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျနေခဲ့သည်။
ချေပဂိုး ပေးလိုက်ရပြီး ချက်ချင်းဆိုသလိုပင် မြန်မာအသင်းက တရစပ် ပြန်လည် တိုက်စစ်ဆင်ခဲ့ရာ ပွဲချိန် ၁၃ မိနစ်နှင့် ၁၄ မိနစ်တွင် ပြည့်ဖြိုးမောင်ကပဲ နှစ်ဂိုးဆက်တိုက် သွင်းယူပြီး ဦးဆောင်ထားနိုင်ခဲ့သည်။ ပွဲချိန် ၁၅ မိနစ်တွင် မလေးရှားအသင်းမှ Syahidansyah Lubis က ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပြီး ပထမပိုင်းအပြီးတွင် လေးဂိုး သုံးဂိုးဖြင့် မြန်မာအသင်းက ဦးဆောင်ထားခဲ့သည်။
ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် ပြည့်ဖြိုးမောင်က ပဉ္စမဂိုးကိုလည်းကောင်း၊ ပွဲချိန် (၃၉) မိနစ်တွင် စိုင်းဘုန်းအောင်က ဆဋ္ဌမဂိုးကိုလည်းကောင်း သွင်းယူခဲ့ပြီး ပွဲအပြီးတွင် မြန်မာအသင်းက ခြောက်ဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ အမျိုးသား ဖူဆယ် အသင်း အနေဖြင့် အုပ်စု ပထမ နေရာအတွက် မလေးရှားအသင်းနှင့် မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်နေ့ မြန်မာ စံတော်ချိန် နေ့လည် (၁း၃၀)နာရီတွင် အုပ်စု ပထမနေရာအတွက် ဆက်လက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။