၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရရှိ
January 24, 2017အင်ဒိုကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ မြန်မာ ဖူဆယ်အသင်း တက်ရောက်နိုင်ခဲ့ပြီ
January 24, 2017AFC Asian Cup 2019 Qualifiers မဲခွဲပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့က ယူအေအီးနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါမဲခွဲပွဲတွင် Pot ၄ ခုကို FIFA ranking အရ ခွဲပြီး မဲနှိုက်ရွေးချယ်ခဲ့ရာ မြန်မာအသင်းက အုပ်စု (က) တွင် ကာဂျစ်စတန်၊ အိန္ဒိယ၊ မကာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။
အဆိုပါ ခြေစစ်ပွဲများကို အိမ်ကွင်း အဝေးကွင်းစနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမနှင့် ဒုတိယ အသင်း (၂) သင်းက ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် ၂၀၁၇ ခုနှစ် မတ်လ ၂၈ ရက် တွင် အိန္ဒိယအသင်းနှင့် အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။