အင်ဒိုကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ မြန်မာ ဖူဆယ်အသင်း တက်ရောက်နိုင်ခဲ့ပြီ
January 24, 2017အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်
January 27, 2017ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပလျက် ရှိသည့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ် AFF AIS Futsal Championship 2016 ပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲစဉ်များအား ယနေ့ မွန်းလွဲပိုင်းက ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် မလေးရှားအသင်းကို ဒုတိယပိုင်း သွင်းဂိုး (၃-၅)ဂိုးဖြင့် အနိုင်ရရှိကာ အကြို ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်သွား နိုင်ခဲ့သည်။
ယနေ့ မွန်းလွဲ (၁း၃၀) နာရီက ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာနှင့် မလေးရှား ပွဲစဉ်တွင် မြန်မာ အသင်းသည် ပထမပိုင်း ပွဲကစားချိန် အတွင်း ပင်နယ်တီ နှစ်ဂိုးဆက် ပေးခဲ့ရပြီး (၂-ဝ)ဂိုးဖြင့် အရေးနိမ့်နေခဲ့သည်။ မလေးရှား အသင်း နည်းတူ မြန်မာ အသင်းသည်လည်း ပထမပိုင်း ပွဲပြီးကာနီးတွင် ပင်နယ်တီ ကန်ခွင့်ရရှိခဲ့သော်လည်း ဂိုးမဝင်ခဲ့ပေ။
ဒုတိယပိုင်းတွင် မလေးရှားဘက်မှ တစ်ဂိုး ထပ်မံသွင်းယူခဲ့သဖြင့် မြန်မာအသင်း (၃-ဝ)ဂိုးပြတ် အရေးနိမ့်နေခဲ့သည်။ သို့သော် ကစားအား ကျဆင်းခဲ့ခြင်း မရှိဘဲ ချေပဂိုးအတွက် မနားတမ်းကြိုးစားခဲ့ရာ ၃၁ မိနစ်နှင့် ၄၀ မိနစ်တွင် ငြိမ်းမင်းစိုး၊ ၃၂ မိနစ်နှင့် ၄၀ မိနစ်တွင် ပြည့်ဖြိုးမောင်၊ ၃၆ မိနစ်တွင် အောင်အောင်တို့ ဆက်တိုက်ဆိုသလို ဂိုးများ သွင်းယူ နိုင်ခဲ့ပြီး မလေးရှား အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နိုင်ပွဲကြောင့် မြန်မာအသင်း အုပ်စု ပထမ နေရာ ရယူနိုင်ခဲ့ပြီး အကြို ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို ရှောင်လွဲနိုင်ခဲ့ကာ ဗိုလ်လုပွဲအတွက် အခွင့်အရေး ကောင်း သွားခဲ့သည်။
မြန်မာအသင်းသည် အကြို ဗိုလ်လုပွဲ အဖြစ် အရှေ့တီမော အသင်းနှင့် ဇန်နဝါရီ ၂၇ ရက်နေ့ ၊ မြန်မာ စံတော်ချိန် ညနေ (၄း၀၀)နာရီတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး အိမ်ရှင် ထိုင်းအသင်းမှာ မလေးရှား အသင်းနှင့် ယင်းနေ့ ညနေ (၆း၃၀)နာရီတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အကြို ဗိုလ်လုပွဲ နိုင်သည့် အသင်း နှစ်သင်းသည် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ (၆း၃၀)နာရီတွင် ဗိုလ်လုပွဲ ကစားရမည် ဖြစ်ပြီး တတိယ နေရာလုပွဲကိုမူ ယင်းနေ့ ညနေ (၄း၀၀)နာရီ အချိန်တွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။