မလေးရှားကို အနိုင်ယူပြီး အုပ်စုပထမနေရာ ရယူနိုင်ခဲ့သော မြန်မာအသင်း ဆီမီးဖိုင်နယ်တွင် အရှေ့တီမောနှင့် ကစားရမည်
January 25, 2017မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရ
January 31, 2017ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေသော ၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းက တီမောအသင်းကို ရှစ်ဂိုး သုံးဂိုးဖြင့် ခြေစွမ်းပြအနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။
့မြန်မာအသင်းသည် ပထမပိုင်းတွင် ခြေစွမ်း အသာဖြင့်် ကစားခဲ့ပြီး ပထမပိုင်း ပွဲပြီးချိန်တွင် သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိ နေခဲ့သည်။ ထို့အပြင် ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ခြေစွမ်းပြပြီး ဦးဆောင်ဂိုးများ ဆက်လက်သွင်းယူနိုင်ခဲ့ကာ ပွဲအပြီးတွင် ရှစ်ဂိုး သုံးဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအတွက် ဂိုးများကို အသင်းခေါင်းဆောင် အောင်အောင် နှင့် ပြည့်ဖြိုးမောင်က (၂) ဂိုးစီ၊ နိုင်ရဲကျော်၊ အောင်ဇင်ဦး၊ ငြိမ်းမင်းဦး၊စိုင်းပြုံးအောင်တို့က (၁) ဂိုးစီ သွင်းယူပေးခဲ့သည်။
မြန်မာအသင်းသည် ယခုကဲ့သို့ ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်းသည် မြန်မာဖူဆယ် အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။