NATIONAL FOOTBALL ACADEMY ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို လာရောက် ဖွင့်လှစ်
February 20, 2017AYA BANK SCOUTING TOUR 2017 သတင်းစာရှင်းလင်းပွဲကျင်းပ
March 7, 2017MFF Myanmar Futsal League 2017 ပြိုင်ပွဲ၏ ပွဲစဉ်ရေးဆွဲပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) အစည်းအဝေး ခန်းမ၌ ဖေဖော်ဝါရီလ ၂၂ ရက် နေ့လည် ၁ နာရီ အချိန်တွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ ပြိုင်ပွဲ၏ စပွန်ဆာ ကုမ္ပဏီ ဖြစ်သော မြန်မာ ဘရူဝါရီ လိမိတက်မှ ဈေးကွက် ဒါရိုက်တာ ဒေါ်မြစိမ်းရီ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ MFF မှ တာဝန်ရှိ သူများနှင့် ပြိုင်ပွဲ ဝင် ကလပ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
MFF Myanmar Futsal League 2017 ပြိုင်ပွဲတွင် Yamonya FC ၊ Titans FC ၊ Pyay United FC ၊ UM FC ၊ MYOMA FC ၊ White Colour FC ၊ MIC FC ၊ Yangon City ၊ VUC FC နှင့် UPT FC တို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပြိုင်ပွဲ၏ ဆုကြေးအဖြစ် ပထမဆု ကျပ်သိန်း၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ တတိယဆု ကျပ် သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၀ သိန်းတို့ကို ပေးအပ် သွား မည် ဖြစ်သည်။
ပထမဆုံးပွဲစဉ်ကို မတ်လ ၁ ရက်နေ့ နံနက် (၈း၃၀) အချိန်တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ (NIS _1) ၌ စတင်ကျင်းပ သွားမည်ဖြစ်ပြီး ပွဲစဉ် (၁) တွင်
Yamonya FC နှင့် Titans FC ၊
Pyay United FC နှင့် UM FC ၊
MYOMA FC နှင့် White Colour FC ၊
MIC FC နှင့် Yangon City ၊
UC FC နှင့် UPT FC အသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။