
AYA BANK SCOUTING TOUR 2017 သတင်းစာရှင်းလင်းပွဲကျင်းပ
March 7, 2017
လက်ရှိချန်ပီယံ MIC အသင်း ရှုံးပွဲတွေ့ခဲ့ပြီး အမှတ်ပေးဇယားအပြောင်းအလဲဖြစ်ခဲ့တဲ့ WEEK 5 ပွဲစဉ်များ
March 18, 2017MFF Myanmar Futsal League 2017 ပြိုင်ပွဲကို မတ်လ (၁) ရက်နေ့က စတင် ကျင်းပလာခဲ့ရာ ယခုအခါ ပွဲစဉ် (၃) ပွဲ ကစားပြီးခဲ့ပြီဖြစ်သည်။ ပွဲစဉ် သုံးပွဲအပြီးတွင် MIC FC, Pyay United FC, VUC FC တို့က ပွဲစဉ် သုံးပွဲစလုံး အနိုင်ကစားထားပြီး MIC အသင်းက ဂိုးကွာခြားချက်အသာဖြင့် ပွဲစဉ်ဇယားကို ဦးဆောင်ထားနိုင်ခဲ့သည်။ ဒုတိယနေရာတွင် Pyay United အသင်း နှင့် တတိယနေရာတွင် VUC အသင်းတို့က အသီးသီး ရပ်တည်နေကြသည်။
MIC အသင်းသည် ပွဲစဉ် (၁) တွင် Yangon City အသင်းကို ၁၀ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ပွဲစဉ် (၂) တွင် White Colour အသင်းကို ၁၇ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ပွဲစဉ် (၃) တွင် UM FC ကို ၁၆ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိထားပြီး ဂိုးကွာခြားချက် +40 အထိ ရရှိထားသည်။
Pyay United အသင်းသည် ပွဲစဉ် (၁) တွင် UM FC ကို ၁၁ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ပွဲစဉ် (၂) တွင် Yamonnya အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ပွဲစဉ် (၃) တွင် Titans XII အသင်းကို ၈ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိထားပြီး ဂိုးကွာခြားချက် +21 ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
VUC အသင်းသည် ပွဲစဉ် (၁) တွင် UPT အသင်းကို ၅ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ပွဲစဉ် (၂) တွင် Yangon City အသင်းကို ၁၁ ဂိုး ၆ ဂိုးဖြင့်လည်းကောင်း၊ ပွဲစဉ် (၃) တွင် White Colour အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိထားပြီး ဂိုးကွာခြားချက် +9 ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
MFF Myanmar Futsal League 2017 Week (4) ကို မတ်လ (၁၅) ရက် မနက် (၈း၃၀) နာရီမှ စတင်ကာ အမျိုးသားအားကစားရုံ(၁)၊ သုဝဏ္ဏတွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေးအဖြစ် ကျပ်(၅၀၀) သတ်မှတ်ထားသည်။
MFF Myanmar Futsal League 2017
Week 4
8:30 AM UM FC vs VUC FC
10:30AM Yamonnya FC vs MIC FC
12:30PM Pyay United FC vs Myoma FC
2:30PM Titans XII FC vs Yangon City FC
4:30PM White Colour FC vs UPT FC