လက်ရှိချန်ပီယံ MIC အသင်း ရှုံးပွဲတွေ့ခဲ့ပြီး အမှတ်ပေးဇယားအပြောင်းအလဲဖြစ်ခဲ့တဲ့ WEEK 5 ပွဲစဉ်များ
March 18, 2017မြန်မာ ယူ၁၈ လက်ရွေးစင် အသင်းနည်းပြအဖြစ် ပြင်သစ်နည်းပြ ဘန်လာဘီ ကိုခန့်အပ်
April 27, 2017မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ Skynet က Main Sponsor အဖြစ် ပံ့ပိုးကူညီနေတဲ့ MFF Myanmar Futsal League 2017 ရဲ့ Week 7 ပွဲစဉ် တွေကတော့ ပြီးဆုံး ခဲ့ပါပြီ။
ဒီတစ်ပတ်ရဲ့ ပွဲစဉ်တွေမှာတော့ VUC FC အသင်းက Myoma FC အသင်းကို (၂၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲတစ်လျှောက် ဂိုးအပြတ်ဆုံး ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒုတိယ နေရာက VUC FC အသင်းက ပထမနေရာကို ရောက်ရှိနိုင်ဖို့ သွင်းဂိုး အများအပြားကို သွင်းယူခဲ့ပေမဲ့ Pyay United အသင်းက လည်း UPT FC ကို (၁၆-၅)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံး သုံးသင်းနေရာကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။
အဆင့် (၄) နေရာကိုတော့ Yamonnya FC အသင်းက ပြန်လည် ရောက်ရှိလာခဲ့ ပြီး Titans XII FC ကတော့ အဆင့် (၅)နေရာကို ပြန်လည်ရောက်ရှိခဲ့ပြီး အခြား အမှတ်ပေးဇယားရပ်တည်မှုတွေကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။
MFF Myanmar Futsal League 2017 ပြိုင်ပွဲတွေကိုတော့ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပနေတာဖြစ်ပြီး ကွင်းဝင်ကြေးကိုတော့ ၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။