ဒုတိယ ခြေစမ်းပွဲတွင် ဘာရိန်း ယူ၂၀ကို မြန်မာ အသင်း (၅-၃)ဂိုးဖြင့် အနိုင်ရရှိ
May 12, 2017MFF ဘောလုံး အကယ်ဒမီများတွင် တက်ရောက်သင်ကြားခွင့် ရရှိသည့် ကစားသမားများ စာရင်း ထုတ်ပြန်ကြေညာခြင်း
May 15, 2017MFF Myanmar Futsal League 2017 ပြိုင်ပွဲရဲ့ Week 14 ပွဲစဉ်များကို မေလ ၂၄ ရက်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Week 14 ပွဲစဉ်များကို မူလက မေလ (၉) ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း မြန်မာလက်ရွေးစင် ယူ ၂၀ ဖူဆယ်အသင်း၏ 2017 AFC U20 Futsal Championship ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိသည့်အတွက် မေလ (၂၄) ရက်သို့ ပြောင်းရွှေ့ကျင်းပခြင်းဖြစ်သည်။
Week 14 ပွဲစဉ်များမှာ အမှတ်ပေးဇယား ထိပ်ဆုံးမှ Pyay United FC နှင့် အဆင့် (၂) နေရာမှ MIC FC တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲဟာ ပရိသတ်အကြိုက်ပွဲကောင်း တစ်ပွဲ ဖြစ်လာမှာ အသေအချာပါပဲ။ ပထမအကျော့ ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ Pyay United FC က MIC FC ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒါကြောင့် MIC အသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို အရယူဖို့ ဒီပွဲစဉ်ကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။ Pyay United အသင်းကလည်း အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့ ဒီပွဲကို အနိုင်ရဖို့ ကြိုးစားလာမှာပါ။
Week 14 ရဲ့ ဒုတိယအကောင်းဆုံးပွဲဖြစ်လာမှာကတော့ တတိယနေရာက VUC FC နဲ့ စတုတ္ထနေရာက Yamonnya FC တို့ ယှဉ်ပြိုင်ကစားမယ့် ပွဲဖြစ်ပါတယ်။ ပထမအကျော့ တွေ့ဆုံစဉ်က VUC FC က Yamonnya FC ကို အကြိတ်အနယ်ကစားပြီး ငါးဂိုး နှစ်ဂိုးနဲ့ အနိုင်ရထားပါတယ်။
ကျန်ပွဲစဉ်များကတော့ UM FC နဲ့ UPT FC ၊ White Colour FC နဲ့ Yangon City FC ၊ Titans XII FC နဲ့ Myoma FC တို့ ယှဉ်ပြိုင်ကစားကြမှာပါ။
MFF Myanmar Futsal League 2017 ပြိုင်ပွဲကို အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ NIS (1) မှာ ကျင်းပနေတာဖြစ်ပြီး ကွင်းဝင်ကြေးအနေနဲ့ (၅၀၀) ကျပ်သတ်မှတ်ထားပါတယ်။