MFF MYANMAR FUTSAL LEAGUE 2017 WEEK 14 ပွဲစဉ်များ
May 12, 2017မြန်မာ ယူ-၁၈ လက်ထောက်နည်းပြအဖြစ် ပြင်သစ်နည်းပြ ဒူးမားစ်ကို ခန့်အပ်
May 17, 2017မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFFမှ ဖွင့်လှစ်မည့် ဘောလုံး အကယ်ဒမီများတွင် ပညာသင်ကြားခွင့် ရရှိသူများ စာရင်းကို ယနေ့ မေလ (၁၅)ရက်နေ့တွင် AYA BANK Scouting Tour 2017 ကစားသမား ရွေးချယ်ရေး ကော်မတီက ထုတ်ပြန် ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)အတွက် ၂၀၀၅ ခုနှစ်ဖွားမြင်သူ လူငယ် ကစားသမား (၃၀)ဦး၊ မြန်မာ ဘောလုံး အကယ်ဒမီ(ပုသိမ်)အတွက် ၂၀၀၆/၀၇ ခုနှစ်ဖွားမြင်သူ လူငယ် ကစားသမား (၂၅)ဦး နှင့် ၂၀၀၃/၀၄ ခုနှစ်ဖွားမြင်သူ လူငယ်ကစားသမား (၁၀)ဦး၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)အတွက် ၂၀၀၆/၀၇ ဖွားမြင်သူ လူငယ် ကစားသမား (၃၁)ဦး၊ စုစုပေါင်း ကျောင်းသားဦးရေ (၉၆)ဦးအထိ အကယ်ဒမီ ကျောင်းသားများ အဖြစ် အတန်းပညာနှင့် ဘောလုံးပညာ တက်ရောက် သင်ကြားရန် ရွေးချယ်ခံခဲ့ရသည်။
ရွေးချယ်ခံရသည့် မျိုးဆက်သစ် ကျောင်းသားကလေးများ အနေဖြင့် မေလ (၂၅)ရက်နေ့တွင် မိမိတက်ရောက်ရမည့် သက်ဆိုင်ရာ အကယ်ဒမီများသို့ သွားရောက် သတင်းပို့ကာ စတင်တက်ရောက်သင်ကြား ခွင့်ရမည်ဖြစ်သည်။ လာရောက် သတင်းပို့ရာတွင် အထောက်အထား (မူရင်း၊မိတ္တူ)များ စုံလင်စွာယူဆောင်လာရမည်ဖြစ်သည်။
ရွေးချယ်ခံရသည့် ကလေးငယ်များကို အသဲရောင်၊အသားဝါ A၊B၊C ပိုးများ စစ်ဆေးခြင်း၊ သွေးအားကောင်းမွန်နှုန်း စစ်ဆေးခြင်း၊ MRI အရိုးဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါဆေးစစ်မှုတွင် ကျရှုံးသည့် ကစားသမားများနှင့် အထောက်အထား စာရွက်စာတမ်းများ အတုအပပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည့် ကစားသမားများမှာ ဘောလုံးအကယ်ဒမီ တက်ရောက်ခွင့် စွန့်လွတ်ရမည်ဖြစ်ပြီး ၎င်းတို့နေရာတွင် ရွေးချယ်ရေးအဖွဲ့မှ အရန် ရွေးချယ်ထားသည့် လူငယ်များကို ထည့်သွင်းရွေးချယ်သွားမည်ဖြစ်သည်။
MFF နှင့် နည်းပြအဖွဲ့ဝင်များမှ ရွေးချယ်ခဲ့သည့် ဘောလုံး အကယ်ဒမီ တက်ရောက်ခွင့် အပြီးသတ်လူစာရင်းတွင် မသမာမှု များပါဝင်ခဲ့လျှင် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကာ သက်သေအထောက်အထား စုံလင်စွာဖြင့် မေလ(၂၀)ရက်နေ့ မတိုင်မီ ၀၉၄၅၂၀၃၀၄၀၀ သို့မဟုတ် media@mff-ma.com သို့ ဆက်သွယ်ကာ တိုင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။