MFF ဘောလုံး အကယ်ဒမီများတွင် တက်ရောက်သင်ကြားခွင့် ရရှိသည့် ကစားသမားများ စာရင်း ထုတ်ပြန်ကြေညာခြင်း
May 15, 2017KBZ BANK CUP 2017 ပြိုင်ပွဲနှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲကျင်းပ
June 19, 2017မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၁၇ အာဆီယံ ယူ ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှ ယူ ၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသော မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်း၏ လက်ထောက်နည်းပြအဖြစ် ပြင်သစ်နိုင်ငံသား နည်းပြ ဖရန့်ခ် ဒူးမားစ်ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
ယခင် ယူ-၁၈ အသင်း၏ လက်ထောက်နည်းပြ ဖရန့်ခ်အင်နီကင် သည် ခွင့်ဖြင့် မိခင်နိုင်ငံသို့ခေတ္တပြန်စဉ်ကာလအတွင်း ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး အချိန်ကြာမြင့်စွာ အနားယူရန်လိုအပ်လာခဲ့ခြင်းကြောင့် ၎င်း၏ နေရာတွင် ဒူးမားစ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဒူးမားစ်သည် UEFA Pro License ရ နည်းပြတစ်ဦးဖြစ်ပြီး ကစားသမားဘဝက ပြင်သစ်ကလပ် SM Caen, Monaco, Marseille, Lens နှင့် အင်္ဂလန်ကလပ် Newcastle United တို့တွင် ကစားခဲ့သူ ဖြစ်သည်။ နည်းပြဘဝကို ၂၀၀၅ ခုနှစ်တွင် SM Caen အသင်းကို စတင် တာဝန်ယူခဲ့ပြီး ၂၀၁၃-၂၀၁၄ တွင် Arles Avignon အသင်းတွင်လည်းကောင်း၊ ၂၀၁၄-၂၀၁၅ တွင် FES Morrocan အသင်းကိုလည်းကောင်း အသီးသီးတာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အီကွေတိုးရီးယယ်ဂါနာနိုင်ငံ၏ လူငယ်ဘောလုံးဖွံဖြိုးရေးစီမံကိန်းများတွင် အကြံပေးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
၎င်း၏စာချုပ်သက်တမ်းမှာ ၈ လဖြစ်ပြီး၊ စွမ်းဆောင်ရည်ပေါ်မူတည်၍ နည်းပြချုပ်နှင့်အတူ စာချုပ်သက်တမ်းတိုးမတိုး ယခုနှစ်ပြိုင်ပွဲများ အပြီးတွင် စဉ်းစားဆုံးဖြတ်မည် ဖြစ်သည်။