မြန်မာ ယူ-၁၈ လက်ထောက်နည်းပြအဖြစ် ပြင်သစ်နည်းပြ ဒူးမားစ်ကို ခန့်အပ်
May 17, 2017မြို့နယ် ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ
December 21, 2017KBZ BANK CUP 2017 ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၉ ရက်နေ့ နေ့လည် ၂ နာရီ အချိန်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အစည်းဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် MFF မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင်၊ KBZ Group မှ မန်နေးဂျင်း ဒါရိုက်တာ ဦးမိုးဆန်းအောင် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊်၊ မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်၊ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ဦးထွန်းထွန်းအောင်တို့က မီဒီယာများ သိလိုသည်များကို ဖြေကြားခဲ့သည်။
MFF တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်က “ဒီပြိုင်ပွဲက ကျွန်တော်တို့ အသင်းအတွက် အကျိုးရှိမယ့် ပြိုင်ပွဲတစ်ပွဲပါ။ ကမ္ဘောဒီးယား အသင်းဆိုရင်လည်း လက်ရွေးစင် အသင်းကြီးက ကစားသမား ၇ ယောက်လောက်ပါဝင်မှာ ဖြစ်သလို ဂျပန်တက္ကသိုလ် လက်ရွေးစင် အသင်းမှာလည်း ခြေစွမ်းမြင့်တဲ့ ကစားသမား တွေပါဝင်လာမှာပါ။ ဒါ့ကြောင့် ဆီးဂိမ်းအကြိုအဖြစ် ကျင်းပတဲ့ ဒီ ပြိုင်ပွဲက အသင်းအတွက် အထောက်အကူဖြစ်စေမှာပါ”ဟု ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင်နှင့် KBZ Group မှ မန်နေးဂျင်း ဒါရိုက်တာ ဦးမိုးဆန်းအောင်က “ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ နာယကလည်းဖြစ်တဲ့ ဦးအောင်ကိုဝင်းက မြန်မာယူ-၂၂ အသင်းအနေနဲ့ ဆီးဂိမ်းမတိုင်ခင်မှာ နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံရရှိအောင် ဖိတ်ခေါ်ပွဲတစ်ပွဲ ကျင်းပပေးစေချင်တာကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ တိုင်ပင်ပြီး ပြိုင်ပွဲကျင်းပဖို့ ကျပ်သိန်း ၃၀၀၀ ကို ပံ့ပိုး ကူညီခဲ့တာပါ” ပြောကြားခဲ့သည်။
KBZ BANK CUP 2017 ပြိုင်ပွဲကို ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ပြီး အိမ်ရှင် မြန်မာယူ-၂၂ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၂ အသင်း၊ ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ဂျပန် တက္ကသိုလ် လက်ရွေးစင် အသင်းတို့ ပါဝင်ယှဉ်ကြ မည်ဖြစ်သည်။
ထိုပြိုင်ပွဲ၏ ပွဲစဉ်အားလုံးကို သုဝဏ္ဏအားကစားကွင်း တွင် ကျင်းပ မည်ဖြစ်ပြီး တစ်ရက်လျှင်နှစ်ပွဲနှုန်းဖြင့် ကျင်းပမည် ဖြစ်သည်။ လက်မှတ်ခများကို အထူးတန်း (၃၀၀၀)ကျပ်၊ အရှေ့ဘက်တန်းပွဲကြည့်စင်ကို (၂၀၀၀)ကျပ်နှင့် တောင်၊မြောက် ပွဲကြည့်စင် များကို (၁၀၀၀)ကျပ်အဖြစ် သတ်မှတ်ထားသည်။ လက်မှတ်များကို သုဝဏ္ဏကွင်း၊ ဗိုလ်ချုပ်အောင်ဆန်းကွင်းနှင့် လှည်းတန်း စင်တာတို့တွင် ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး ရောင်းချပေးသွားမည်ဖြစ်သည်။
KBZ BANK CUP 2017 ပြိုင်ပွဲ၏ ပွဲစဉ်များကို MRTV Sport Channel ၊ For Sports Channelတို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး မြဝတီရုပ်မြင်သံကြားမှလည်း တိုက် ရိုက်ထုတ်လွှင့်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။