Care about the environmental conservation
February 15, 2018AFC GRASSROOTS FOOTBALL DAY 2018 အခမ်းအနား ကျင်းပ
May 30, 2018ယနေ့ ညပိုင်းက ကျင်းပပြီး စီးခဲ့သည့် တရုတ် လက်ရွေးစင် အသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲတွင်မြန်မာ အသင်း နည်းပြချုပ် အန်တွမ်နီဟေးက မိမိကစားသမားများ၏ စွမ်းဆောင်မှုကို အပြည့်အ၀ ကျေနပ်အားရကြောင်းနှင့် တရုတ်အသင်းကဲ့သို့ အာရှထိပ်တန်းအသင်း တစ်သင်းကို စနစ်တကျ ကစားနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း ပွဲအပြီး ကျင်းပသည့်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
” ဒီနေ့ ခြေစမ်းပွဲက အသင်းရလဒ် အတွက်တော့ ဘာမှပြောစရာ မရှိပါဘူး။ ကျွန်တော့် ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့ ရလဒ်ကိုအပြည့်အ၀ အားရကျေနပ်သလို ရလဒ်အတွက်လည်း ဝမ်းနည်းခြင်း မရှိပါဘူး။ ဒီခြေစမ်းပွဲကနေ ကျွန်တော်တို့ အများကြီးအတွေ့အကြုံကောင်းတွေ ရခဲ့သလို တန်ဖိုးရှိတဲ့ ခြေစမ်းပွဲလည်း ဖြစ်ခဲ့ပါတယ်။ တရုတ်လက်ရွေးစင် အသင်းဟာ အာရှရဲ့ ထိပ်တန်းအသင်းကြီး တစ်သင်းပါ။ နာမည်ကျော်ပြီး ပြည့်စုံကြွယ်ဝတဲ့ လိဂ်ပြိုင်ပွဲနဲ့ ကလပ်အသင်းတွေက ကစားသမားကောင်းတွ နဲ့ဖွဲ့စည်းထားတဲ့အသင်းကို ကျွန်တော်တို့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ချေပဂိုးဖြစ်စေမယ့် တန်ပြန် ဖန်တီးမှုတွေလည်း ဒုတိယပိုင်းမှာ ရရှိခဲ့ပါသေးတယ်။ ဒီနေ့ ခြေစမ်းပွဲက နှစ်သင်းစလုံးအတွက် အကောင်းဆုံး ခြေစမ်းပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်” ဟု တရုတ်မီဒီယာများ မေးမြန်းမှုကို ဖြေကြားသွားခဲ့သည်။
အလားတူ အသင်းခေါင်းဆောင် ဇော်မင်းထွန်းကလည်း ပြိုင်ဘက် ကစားသမားများမှာ လျင်မြန်၍ နည်းစနစ် ကျွမ်းကျင်စွာကစားနိုင်ကြသော ကစားသမားများဖြစ်ပြီး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရကြောင်း၊ အတွေ့အကြုံကောင်းများ ရရှိခဲ့ပြီး မြန်မာအသင်းအတွက် တန်ဖိုးရှိသော ခြေစမ်းပွဲတစ်ပွဲ ဖြစ်ခဲ့ပါကြောင်း၊ ကျောနံပါတ် (၇) (၁၀) (၁၇) အစရှိသည့် ကစားမားများမှာ တရုတ်အသင်းအတွက် အကောင်းဆုံး ကစားသွားကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။