AFC GRASSROOTS FOOTBALL DAY 2018 အခမ်းအနား ကျင်းပ
May 30, 2018မြန်မာလက်ရွေးစင် ယူ-၁၆ အမျိုးသမီး အသင်း၏ အာရှခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များ ထွက်ပေါ်
May 30, 2018ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ရုရှားနိုင်ငံသံအမတကြီး မစ္စတာအန်၊အေ၊လီစတိုပါဒေါ့ဗ်သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ကျင်းပမည့် Football For Friendship Program လူငယ်ဘောလုံးပွဲတော်၊ လူငယ်ဖိုရမ် များနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်သို့ သွားရောက် ပါဝင်ဆင်နွဲမည့် မြန်မာလူငယ်အဖွဲ့အား ယနေ့မနက် (၁၁း၀၀)နာရီက ရုရှားသံရုံးတွင် ဧည့်ခံတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
ရုရှားနိုင်ငံ အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အစစအရာရာ ကြိုးပမ်းပြင်ဆင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ဘောလုံးအားကစားကို ချစ်မြတ်နိုးသည့် နိုင်ငံတစ်ခု ဖြစ်သည်ကိုလည်း သိရှိ ထားပါကြောင်း၊ Football For Friendship Program သည် ကမ္ဘာတဝန်းရှိ လူငယ်များအချင်းချင်း မိတ်ဆွေရင်းချာ ရင်းနှီးဆက်ဆံမှု ပိုမိုရရှိရေး အတွက် ဦးစားပေး ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပြီး ယခုကဲ့သို့ ပါဝင်ဆင်နွဲခွင့် ရရှိ ခြင်းအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ရုရှားသံအမတ်ကြီးက ဆိုသည်။
အဆိုပါ Football For Friendship Program သို့မြန်မာ ဘောလုံး အကယ်ဒမီမှ ထူးချွန်ကျောင်းသား တစ်ဦးဖြစ်သည့် မောင်မင်းခန့်သူ (မုံရွာဇာတိ) သည် လူငယ်ဘောလုံးပြိုင်ပွဲ (Young Footballer) နှင့် မင်းခန့်သူ၏ မိတ်ဆွေ လူငယ်သတင်းထောက် (Young Journalist) အဖြစ် မောင်သန့်တေဇာ တို့ သွားရောက်ဆင်နွဲကြမည်ဖြစ်သည်။
လူယ်ဘောလုံးပွဲတော် ချန်ပီယံရှစ်ပြိုင်ပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်မှ တစ်သင်းလျင် ကစားသမား ၆ ဦးစီဖြင့် ဖွဲ့စည်းထားသည့် အသင်းများဖြင့် ဖွဲ့စည်းယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာကစားသမား မင်းခန့် သူသည် နောက်တန်းကစားသမား အဖြစ် မော်ဒိုဗာ၊ ဆာမိုဟာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူးစသည့် နိုင်ငံများမှ ကစားသမားများနှင့်အတူ Gharial အသင်းတွင် ပါဝင်ကစားရမည်ဖြစ်သည်။