မြန်မာလက်ရွေးစင် ယူ-၁၆ အမျိုးသမီး အသင်း၏ အာရှခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များ ထွက်ပေါ်
May 30, 2018မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း ၏ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်
May 30, 2018မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် အုပ်စု ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်ရမည့် အုပ်စု (စ)ပွဲစဉ်များကို ရန်ကုန်မြို့တွင် အိမ်ရှင် အဖြစ်လက်ခံကျင်းပမည် ဖြစ်ပြီး အီရန်၊ ပါလက်စတိုင်း၊ လာအို အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် လာအို အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပါလက်စတိုင်း အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အီရန် အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စု (၆) ခု ပါဝင်မည့် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များတွင် အုပ်စုပထမရရှိသော အသင်း ၆ သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ ရရှိသည့် နှစ်သင်းတို့သည် ဒုတိယ အဆင့်ခြေစစ် ပွဲပွဲများကို ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။