ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲသွားရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်
June 5, 2018မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ တွေ့ဆုံ
June 6, 2018မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် AFC “A” Coaching Certificate Course သင်တန်းကို စက်တင်ဘာလ ၄ ရက် နေ့မှ ၃၀ ရက်နေ့အထိ သုဝဏ္ဏကွင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။
ထိုသင်တန်းသို့ အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်းနည်းပြဆရာမှ လာရောက်သင်ကြားပေးမည် ဖြစ်ပြီး အောက်ပါအရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော သင်တန်းများကို ရွေးချယ် တက်ရောက်ခွင့် ပြုမည် ဖြစ်သည်။
(က) AFC “B” Licence အောင်မြင်ပြီး သက်တမ်း(၁)နှစ် ရှိပြီးသူ ဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်ပြီး စာတွေ့/ လက်တွေ့ လေ့ကျင့်မှုများ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
(ဂ) သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။
(ဃ) အသင်းနည်းပြတာဝန်ထမ်းဆောင်နေသူကို ဦးစားပေး ရွေးချယ်မည်။
(င) အင်္ဂလိပ်ဘာသာကို အတော်အသင့် နားလည်သူ ဖြစ်ရမည်။
(စ) Power Point Presentation ပြုလုပ်နိုင်ရမည်။
(ဆ) သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်း ခံရသူများသည် သင်တန်း ဝင်ကြေးအဖြစ် နိုင်ငံသား တစ်ဦးလျှင် မြန်မာငွေ ကျပ်သုံးသိန်း၊ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ နှစ်ထောင်ကို ပေးသွင်းရမည် ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး သင်တန်းလျှောက်လွှာကို ပြန်လည် ပေးပို့ရမည် ဖြစ်သည်။
သင်တန်းလျှောက်လွှာကို အောက်ပါ Link မှ ဝင်ရောက်၍ Download ဆွဲ၍ ရယူနိုင်မည် ဖြစ်သည်။