
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ တွေ့ဆုံ
June 6, 2018
ALPINE CUP 2018 TITLE SPONSORSHIP လက်မှတ်ရေးထိုးပွဲနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပ
June 9, 2018အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် စင်ကာပူနိုင်ငံသို့ သွားရောက်၍ Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ကာ စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
မြန်မာယူ-၁၉ အသင်းသည် ဇွန်လ ၁၆ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ဇွန်လ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ Albirex Niigata အသင်းနှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။ စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲကို ဇွန်လ ၂၀ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
စင်ကာပူ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ဖိတ်ခေါ်ခဲ့သော်လည်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာယူ-၁၉ အသင်းအတွက် အတွေ့အကြုံကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာယူ-၂၃ (ခ)အသင်းအဖြစ် သွားရောက် ခြေစမ်းစေခြင်း ဖြစ်သည်။