ALPINE CUP 2018 TITLE SPONSORSHIP လက်မှတ်ရေးထိုးပွဲနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပ
June 9, 2018အိုလံပစ်နေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ
June 15, 2018အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော AFC Fitness Coaching Certificate Course – Level 1B သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ အာရှဘောလုံးအဖွဲ့ချုပ်မှသင်တန်း နည်းပြဆရာ Mr.Abdolhossein Parnow၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က “ဒီသင်တန်းက AFC Fitness Coaching Certificate Course – Level 1B သင်တန်းဖြစ်ပြီး 1A သင်တန်းအောင်မြင်ပြီးသူတွေပဲ တက်ရောက်ခွင့် ရရှိခဲ့တာပါ။ ဒါကြောင့် ဒီသင်တန်းပြီးသွားရင်လည်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာနေဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း ဒီလိုသင်တန်းမျိုးတွေ ထပ်မံဖွင့်လှစ်ပေးသွားမှာပါ။ ပြည်တွင်းကနေ အရည်အချင်းပြည့်ဝတဲ့ Fitness Coach တွေပေါ်ထွက်လာအောင် ကြိုးစားစေချင်ပါတယ်”ဟု အဖွင့်အမှာ စကားပြောကြားရာတွင် ထည်းသွင်းပြောကြားခဲ့သည်။
ထို့နောက် အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်း နည်းပြဆရာ Mr.Abdolhossein Parnow က အမှတ်တရ စကားပြောကြားခဲ့ပြီး သင်တန်းသား တစ်ဦးချင်းစီကို သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။