မြန်မာယူ-၁၉ အသင်း စင်ကာပူ ကလပ် ALBIREX NIIGATA နှင့် ပူးတွဲလေ့ကျင့်ပြီး စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းမည်
June 8, 2018AFC FITNESS COACHING CERTIFICATE COURSE – LEVEL 1B သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
June 9, 2018မန္တလေးမြို့တွင် သြဂုတ်လ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပမည့် Alpine Cup 2018 ပြိုင်ပွဲအတွက် Title Sponsorship လက်မှတ်ရေးထိုးပွဲနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇွန်လ (၉) ရက်နေ့ နေ့လည် (၁) နာရီအချိန်က Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ၊ လွယ်ဟိန်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ လွယ်ဟိန်းကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးဝင်းမြင့်၊ လွယ်ဟိန်းကုမ္ပဏီလီမိတက် ဈေးကွက်ရှာဖွေရေး တာဝန်ခံ Mr. Tanakorn ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လွယ်ဟိန်းကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ၊ လွယ်ဟိန်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက “Alpine အနေနဲ့ မြန်မာ့ဘောလုံးလောက ဖွံဖြိုးတိုးတက်ဖို့အတွက် မြန်မာနေရှင်နယ်လိဂ်နဲ့ ရတနာပုံအသင်းကို ထောက်ပံ့ပေးနေတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုရှိခဲ့ပါပြီ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း လက်ရွေးစင်အသင်းတွေ အောင်မြင်မှု ရရှိဖို့အတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေတာကိုလည်း တွေ့ရမှာပါ။ အခုလည်း အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ကစားမယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို အတွေ့အကြုံကောင်းတွေ ရရှိစေမယ့် ပြိုင်ပွဲတစ်ပွဲဖြစ်တာကြောင့် Alpine အနေနဲ့ Title Sponsor အဖြစ် ပေးခဲ့ခြင်းဖြစ်ပါတယ်” ဟု အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် Title Sponsorship လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ကျင်းပခဲ့ပြီး ကျပ်သိန်း နှစ်ထောင် တန်ကြေးရှိ Title Sponsor စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆက်လက်ပြီး သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး တက်ရောက်လာသော စာနယ်ဇင်းမီဒီယာများ၏ မေးမြန်းမှုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် လွယ်ဟိန်းကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးဝင်းမြင့်တို့က ပြန်လည်ဖြေကြားပေးခဲ့သည်။