AFC FITNESS COACHING CERTIFICATE COURSE – LEVEL 1B သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
June 9, 2018MFF FUTSAL REFEREE REFERSHER COURSE 2018 သင်တန်း ဖွင့်လှစ်
June 26, 2018ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် အိုလံပစ်နေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အောင်ဆန်း အားကစားပြိုင်ကွင်းတွင် ညနေ ၄ နာရီ အချိန်က ကျင်းပခဲ့သည်။ ထိုဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းက အဖြူရောင် အသင်းနှင့် အနီရောင်အသင်းဟူ၍ နှစ်သင်းခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
ထိုပွဲစဉ်တွင် အဖြူရောင် အသင်းက အနီရောင် အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဖြူရောင် အသင်းအတွက် ဂိုးများကို ပွဲချိန် ၆ မိနစ်၌ လင်းလဲ့ဦး၊ ပွဲချိန် ၂၀၊ ၅၈၊ ၈၆ မိနစ်များတွင် မိုးမိုးသန်း၊ ပွဲချိန် ၈၁ မိနစ်တွင် နွယ်နီဝင်းတို့က သွင်းယူပေးခဲ့ကြပြီး အနီရောင်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၁၁ မိနစ်တွင် ချိချိမြင့်က သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။
ပြိုင်ပွဲ အပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပ ခဲ့ရာ အနီရောင် အသင်းကို ဆုကြေးငွေ ကျပ် တစ်သိန်း ချီးမြှင့် ခဲ့ပြီး ထိုဆုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အဖြူရောင် အသင်းကို ဆုကြေး ငွေကျပ် နှစ်သိန်း ချီးမြှင့်ပေးခဲ့ပြီး ထိုဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ချီးမြှင့်ပေးခဲ့သည်။