
MFF MYANMAR FUTSAL LEAGUE 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များထွက်ပေါ်
July 2, 2018
AFC “B” COACHING CERTIFICATE COURSE သင်တန်းသားများ ခေါ်ယူခြင်း
July 3, 2018၂၀၁၈ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ အဖွင့်ပွဲစဉ်အဖြစ် တီမောအသင်းနှင့် မြန်မာအသင်းတို့ ယနေ့ ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ။ ဂျိုကိုဆာမူဒရိုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
မြန်မာအသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သည်နှင့်အညီ နိုင်ပွဲရရှိရေး လူစုံထုတ်ယှဉ်ပြိုင်ခဲ့ပြီး အခွင့်အရေး အမြောက်အများလည်း ရရှိခဲ့သည်။
သို့သော် မြန်မာအသင်းအနေဖြင့် ဂိုးကံခေခဲ့ခြင်းအပြင် အခွင့်အရေးများ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် ပွဲဦးထွက် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
မြန်မာအသင်းမှာ အုပ်စု(ခ) ဒုတိယမြောက်ပွဲစဉ်အဖြစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကမ္ဘောဒီးယားအသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။
ပွဲအပြီး နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၏ ပြောစကား
“ပွဲစကတည်းက တီမောအသင်းဘက်ကို ဖိကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်း ကံမကောင်းခဲ့ဘူး။ ရသင့်တဲ့ဂိုးတွေ မရခဲ့ဘူး။ ပထမပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် တိုင်ထိပြီး ထွက်ခဲ့တယ်။ ဒီဂိုးတွေသာ ရခဲ့ရင် ပွဲအစပိုင်းကတည်း ၃-၀ အခြေအနေဖြစ်သွားမှာပါ။ တီမောအသင်းကတော့ ရတဲ့အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲ သရေကျပေမယ့် ကမ္ဘောဒီးယားနဲ့ပွဲကို သေချာပြင်ဆင်သွားမှာ ဖြစ်ပါတယ်”