၂၀၁၈ ASIAN GAMES တွင် မြန်မာအသင်း မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီတို့နှင့် တွေ့ဆုံ
July 5, 2018ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မြန်မာယူ ၁၉ အသင်း
July 6, 2018၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ ဒုတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၅ရက်နေ့ ည ၇နာရီအချိန်က အင်ဒိုနီးရှားနိုင်ငံ၊
Palembang မြို့တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက (၆-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ဂိုးများကို ဝင်းသိင်္ဂီထွန်းမှာ (၄)ဂိုး၊ သန္တာမိုးမှ (၁) ဂိုး နှင့် ဂျူလိုင်ကျော်မှ (၁)ဂိုး အသီးသီး သွင်းယူပေးခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို (၄-ဝ)ဂိုး၊ ဒုတိယပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို (၆-၁)ဂိုးဖြင့် အနိုင်ရရှိထားပြီး တတိယပွဲစဉ်အဖြစ် ဇူလိုင်လ (၇)ရက်နေ့တွင် စင်ကာပူအသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲအပြီး နည်းပြချုပ် ဦးဝင်းသူမိုး၏ ပြောစကား
“ဒီနေ့ပွဲမှာတော့ ပထမပွဲလူစာရင်းကို ၄ယောက်အပြောင်းအလဲလုပ်ပြီးပွဲထွက်ခဲ့ပါတယ်။ ကစားသမားတွေအတွေ့အကြုံရအောင်လို့ပါ။ ဒီနေ့ပွဲရလဒ်ကိုကျေ
နပ်ပါတယ်။ ကစားသမားတွေ ကြိုးစားကစားတာကိုတွေ့နိုင်မှာပါ။ သူတို့ဂိုးများများလိုချင်နေတဲ့စိတ်ကြောင့် တိုက်စစ်ပိုင်းမှာ နည်းနည်းဖိအားရှိပြီး အမှားတချို့ ဒီနေ့ပွဲမှာလုပ်မိတာကိုတွေ့ရပြီး အင်ဒိုနီးရှား ဂိုးသမားကလည်း အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားအသင်းကိုလည်း ချီးကျူးပါတယ်”