AFC “B” COACHING CERTIFICATE COURSE သင်တန်းသားများ ခေါ်ယူခြင်း
July 3, 2018အာဆီယံအမျိုးသမီး ချန်ပီယံရှစ် နှစ်ပွဲဆက်အနိုင်ရရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
July 5, 2018အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည့် အာရှအားကစားပွဲတော် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲမှုများကို ဂျာကာတာတွင် ယနေ့ကျင်းပခဲ့ရာ မြန်မာအသင်းသည် အုပ်စု(F)တွင် အာရှ အင်အားကြီး အသင်းများဖြစ်သည့် ဆော်ဒီအာရေဗျ၊ အီရန်၊ မြောက်ကိုရီးယား အသင်းများနှင့်အတူ ကျရောက်ခဲ့သည်။
ယနေ့မဲခွဲမှုအရ ထွက်ပေါ်လာသော အုပ်စုများမှာ-
အုပ်စု(A) အင်ဒိုနီးရှား(အိမ်ရှင်)၊ ဟောင်ကောင်၊ လာအို၊ တရုတ်(တိုင်ပေ)
အုပ်စု(B) ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ ကာတာ
အုပ်စု(C) အီရတ်၊ တရုတ်၊ တီမော၊ ဆီးရီးယား
အုပ်စု(D) ဂျပန်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နီပေါ
အုပ်စု(E) တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ မလေးရှား၊ ဘာရိန်း
အုပ်စု(F) မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်၊ မြန်မာ
ယူ ၂၃ လက်ရွေးစင် အသင်းများသာပါဝင်ယှဉ်ပြိုင်မည့် အဆိုပါ အာရှအားကစားပွဲတော်တွင် တစ်သင်းလျင် ၂၃ နှစ်အထက် ကစားသမား (၃)ဦး ပါဝင်ခွင့်ရှိမည် ဖြစ်သည်။ အထက်ပါ အုပ်စု(၆)အုပ်စုမှ အုပ်စုပထမ၊ ဒုတိယ နှစ်သင်းစီ နှင့် အကောင်းဆုံး အုပ်စု တတိယ ၄ သင်းတို့ အုပ်စုတက်မည်ဖြစ်ပြီး ၁၆ သင်းပါ ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကစား ရမည်ဖြစ်သည်။ ယင်းနောက် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲများကို အဆင့်ဆင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပွဲစဉ်များအတွက် ယှဉ်ပြိုင်ရမည့်ကွင်းများမှာ ဆိုရီအန်း၊ ဆီဘီနွန်း၊ ဘီကာဆီ၊ ဆီခါရန်း အားကစားကွင်းများ ဖြစ်ကြောင်းသိရပြီး ပွဲစဉ်ဇယား အသေးစိတ်ကို ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်သည်။
၂၀၁၈ အာရှအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပမည့် Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲဖြင့် ကြိုတင်ပြင်ဆင် သွားမည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ပဏာမ ကစားသမားစာရင်းကို နည်းပြချုပ် အန်တွမ်နီဟေးလ်မှ ထုတ်ပြန် ပေးသွားမည်ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် ယူ၂၃ အသင်းအနေဖြင့် အာရှ အားကစားပြိုင်ပွဲကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၁၉၅၁ ခုနှစ်တွင် ကွာတားဖိုင်နယ် အထိရောက်ရှိခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် တတိယ ရရှိခဲ့ကာ ၁၉၆၆ နှင့် ၁၉၇၀ ခုနှစ်တွင် ချန်ပီယံ နှစ်ကြိမ်ဆက်အဖြစ် အောင်မြင်မှုရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၈၂ အထိ ဒုတိယအဆင့်နှင့် အုပ်စုအဆင့်၊ ၁၉၈၆ နှင့် ၁၉၉၀ တွင်ခြေစစ်ပွဲအောင်မြင့်ခြင်း မရှိခဲ့ပေ။ ၁၉၉၄ ဟီရိုရှီးမား အာရှအားကစားပွဲတော် အုပ်စုအဆင့်တွင် ကာတာကို (၂-၂)ဂိုးသရေ ကျခဲ့ပြီး ယူအေအီးကို(ဝ-၂)ဂိုးဖြင့်လည်းကောင်း၊ ဂျပန်ကို (၅-ဝ)ဂိုးဖြင့်လည်းကောင်း အရေးနိမ့်ခဲ့ကာ အုပ်စုမှ ထွက်ခဲ့ရသည်။ ယင်းနောက် ၁၉၉၈ ခုနှစ်တွင် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၂၄ နှစ်ကြာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘဲ ယခု ၂၀၁၈ ခုနှစ်မှသာ အာရှအားကစား ပွဲတော်သို့ ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ယင်းသို့ ဆယ်စုနှစ် ၂ ခုကျော်ကြာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသဖြင့် အုပ်စုအဆင့် မဲခွဲရာတွင်လည်း ဆီဒင်သက်မှတ်ချက် အနိမ့်ဆုံးသို့ ရောက်ရှိကာ အုပ်စုကျပ်တွင်းသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။