ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မြန်မာယူ ၁၉ အသင်း
July 6, 2018နှစ်ပွဲဆက် အနိုင်ရလဒ် ရယူပြီး အုပ်စု(ခ)ကို ဦးဆောင်နိုင်ခဲ့သည့် မြန်မာယူ-၁၉ အသင်း
July 8, 2018၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ တတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၇ရက်နေ့ ညနေ ၄နာရီအချိန်က အင်ဒိုနီးရှားနိုင်ငံ၊
Palembang မြို့တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် စင်ကာပူလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက (၇-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ဂိုးများက ရီရီဦးမှ ပွဲချိန် ၁၂မိနစ်၊ ၂၂မိနစ်တွင်လည်းကောင်း၊ နီလာဝင်းက ပွဲချိန် မိနစ် ၄၀၊ နီလာမြင့်မှ ပွဲချိန် ၅၄မိနစ်၊ ခင်မိုးဝေမှ ပွဲချိန် မိနစ် ၇၀၊ ဂျူလိုင်ကျော် မှ ပွဲချိန် ၇၆မိနစ် နှင့် ခင်မိုမိုထွန်းမှ ပွဲချိန် ၈၉ မိနစ်တို့တွင် အသီးသီး သွင်းယူပေးခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို (၄-ဝ)ဂိုး၊ ဒုတိယပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို (၆-၁)ဂိုးဖြင့် အနိုင်ရရှိထားပြီး တတိယပွဲစဉ်အဖြစ် ယနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်တွင်(၇-ဝ) ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဇူလိုင်လ ၉ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲအပြီး နည်းပြချုပ် ဦးဝင်းသူမိုး၏ ပြောစကား
ဗီယက်နမ်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်၊ ဆီမီးဖိုင်နယ်ပွဲတွေအတွက် ဒီနေ့ပွဲမှာ အသင်းရဲ့ အဓိက ကစားသမားတွေကို
ချန်လှပ်ပြီးကစားခဲ့ပါတယ်။ ရလဒ်ကို ကျေနပ်ပါတယ်။ ခက်ခဲမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင်ရအောင်
ယှဉ်ပြိုင်သွားမှာပါ။အသင်းမှာလည်း ဒဏ်ရာကင်းစင်တဲ့အနေအထားရှိနေပြီး ကစားသမားတွေကလည်း
ဗီယက်နမ်နဲ့ပွဲအတွက် အဆင့်သင့်ဖြစ်နေပါပြီ။