
MFF MYANMAR FUTSAL LEAGUE 2018 ခြေစစ်ပွဲစဉ်များ စတင်ကျင်းပ
July 9, 2018
MFF MYANMAR FUTSAL LEAGUE 2018 ၏ဒုတိယနေ့ ခြေစစ်ပွဲစဉ်များတွင် GV ATHLETICS အသင်းနိုင်ပွဲဆက်
July 11, 2018၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ်
မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ဇူလိုင်လ ၉ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်အချိန် က
အင်ဒိုနီးရှားနိုင်ငံ Palembang မြို့၊ Gelora Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး
ဗီယက်နမ်အသင်းက မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်သည် အုပ်စု ပထမနေရာအတွက် ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်ဖြစ်ပြီး
အနိုင်ရရှိခဲ့သည့် ဗီယက်နမ်အမျိုးသမီးအသင်းသည်အုပ်စု (က) အဆင့် (၂)နေရာမှ သြစတြေးလျ အသင်း၊
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု (က) အဆင့် ၁ နေရာမှ
ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်း နှင့်ဆီမီးဖိုင်နယ်တွင်တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် သွင်းဂိုးများကို တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းမှာ ၇၈မိနစ်
နှင့် ၈၇မိနစ်တွင်လည်းကောင်း၊အသင်းခေါင်းဆောင် ခင်မာလာထွန်းက ပွဲချိန် မိနစ် ၉၀ပြည့်အပြီး
နာကျင်အချိန်ပို ၃မိနစ်တွင်လည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။
ပွဲအပြီး နည်းပြချုပ် ဦးဝင်းသူမိုး၏ ပြောစကား
ပထမပိုင်းမှာ အချိတ်အဆက်လွဲပြီး အသင်းရဲ့ ကစားပုံတည်မရဖြစ်နေခဲ့ပြီး ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ နောက်တန်းအမှားတွေက တဆင့် ဂိုးတွေ ခွင့်ပြုပေးလိုက်ရတယ်။ အသင်းက ဒီနေ့ပွဲကို နိုင်လိုစိတ်များပြီး
ဖိအားတွေရှိနေခဲ့ပါတယ်။ ဗီယက်နမ်အသင်းရဲ့ ကစားပုံကလည်း ဒီနေ့ပွဲမှာ တည်ငြိမ်ပြီး ကောင်းမွန်ပါတယ်။
ထိုင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံးပြင်ဆင်သွားပါမယ်။