ဂျပန်၊ ထိုင်း နှင့် မြန်မာတို့ပူးပေါင်း၍ လူငယ်အကယ်ဒမီများ ပြိုင်ပွဲကျင်းပမည်
July 9, 2018အာဆီယံအမျိုးသမီး ချန်ပီယံရှစ် အုပ်စု(ခ) အဆင့်(၂)နေရာဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
July 9, 2018MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲစဉ်များကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်က ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင် စတင်ကျင်းပခဲ့သည်။
အသင်းပေါင်း ၅ သင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော ယင်း ခြေစစ်ပွဲစဉ်များ၏ ပထမနေ့ ပွဲစဉ်များ အဖြစ် GV Athletics အသင်းနှင့် Shwe Myawaddy အသင်း၊ AMM အသင်းနှင့် RDZ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
ခြေစစ်ပွဲ၏ ပထမဆုံး ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော GV Athletics အသင်းနှင့် Shwe Myawaddy အသင်းတို့ ပွဲစဉ်တွင် GV Athlitics အသင်းက ၅-၃ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး AMM အသင်းနှင့် RDZ အသင်းတို့၏ ပွဲစဉ် နှစ်ဂိုးစီသရေ ဖြင့် ပြီးဆုံးခဲ့သည်။
MFF Myanmar Futsal League 2018 ခြေစစ်ပွဲစဉ်များကို အုပ်စု ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစား စေခြင်း ဖြစ်ပြီး အမှတ် အများဆုံး ရရှိသော အသင်းသုံးသင်းသည် သြဂုတ်လအတွင်း ကျင်းပမည့် MFF Myanmar Futsal League 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရရှိမည် ဖြစ်သည်။