အာဆီယံအမျိုးသမီး ချန်ပီယံရှစ် အုပ်စု(ခ) အဆင့်(၂)နေရာဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
July 9, 2018ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ထိုင်းကို အရေးနိမ့်ခဲ့သည့်အတွက် တတိယလုပွဲယှဉ်ပြိုင်ရတော့မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
July 11, 2018MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ဒုတိယနေ့ ပွဲစဉ်များကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက်၉ နာရီ အချိန်က ရန်ကုန် မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင် ဆက်လက်ကျင်းပခဲ့သည်။
ဒုတိယနေ့ ပွဲစဉ်များ၏ ပထမနေ့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော RDZ FC နှင့် Comrade FC အသင်းတို့၏ ပွဲစဉ်တွင် အပြန်အလှန် သွင်းဂိုးများသွင်းယူခဲ့ကြပြီး ငါးဂိုးစီ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။
ဒုတိယနေ့ ပွဲစဉ်များ၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် AMM FC နှင့် GV Athletics FC တို့ ပွဲစဉ်တွင် GV Athletics FC က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယမြောက် နိုင်ပွဲ ရရှိခဲ့သည်။
ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် GV Athletics FC အသင်းက နှစ်ပွဲကစားနှစ်ပွဲနိုင်၊ ရမှတ်(၆) မှတ်ဖြင့် ခြေစစ်ပွဲ၏ အမှတ် ပေးဇယားကို ဦးဆောင်နေပြီး RDZ FCက နှစ်ပွဲကစား နှစ်မှတ်၊ Comrade FCက တစ်ပွဲကစား တစ်မှတ်၊ AMM FC က နှစ်ပွဲကစား တစ်မှတ်၊ Shwe Myawaddy FC အသင်းက တစ်ပွဲကစား တစ်ပွဲရှုံးဖြင့် ရမှတ် မရရှိသေးပေ။
MFF Myanmar Futsal League 2018 ခြေစစ်ပွဲစဉ်များကို အုပ်စု ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစား စေခြင်း ဖြစ်ပြီး အမှတ် အများဆုံး ရရှိသော အသင်းသုံးသင်းသည် သြဂုတ်လအတွင်း ကျင်းပမည့် MFF Myanmar Futsal League 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရရှိမည် ဖြစ်သည်။