
ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ထိုင်းကို အရေးနိမ့်ခဲ့သည့်အတွက် တတိယလုပွဲယှဉ်ပြိုင်ရတော့မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
July 11, 2018
MFF MYANMAR FUTSAL LEAGUE 2018 ပြိုင်ပွဲ၏ ခြေစစ်ပွဲတွင် GV ATHLETIC FC နိုင်ပွဲဆက်
July 15, 2018MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ တတိယနေ့ ပွဲစဉ်များကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ဆက်လက်ကျင်းပခဲ့သည်။
တတိယနေ့ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော ပွဲစဉ်များတွင် တစ်သင်းနှင့် တစ်သင်း အသာစီး ရယူနိုင်ခဲ့ခြင်း မရှိခြင်း မရှိပဲ သရေပွဲစဉ်များ ဖြင့်သာ ပြီးဆုံးခဲ့သည်။ ပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော Comrade FC နှင့် AMM FC အသင်းတို့ပွဲစဉ်သည် ၂ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော Shwe Myawaddy FC နှင့် RDZ FC တို့ ပွဲစဉ်တွင် ၃ ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။
MFF Myanmar Futsal League 2018 ခြေစစ်ပွဲစဉ် သုံးရက်မြောက် ခြေစစ်ပွဲစဉ် ယှဉ်ပြိုင်ကစားပြီးသည့် အချိန်တွင် GV Athletics အသင်းက ရမှတ် ၆မှတ် ရရှိထားပြီး RDZ အသင်းက ရမှတ် (၃)မှတ်၊ Comrade အသင်းက ရမှတ် (၂)မှတ်၊ AMM အသင်းက ရမှတ် (၂)မှတ်၊ Shwe Myawaddy အသင်းက ရမှတ်(၁)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အစဉ်လိုက် ရပ်တည်လျက် ရှိကြသည်။
MFF Myanmar Futsal League 2018 ခြေစစ်ပွဲစဉ်များကို အုပ်စု ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစား စေခြင်း ဖြစ်ပြီး အမှတ် အများဆုံး ရရှိသော အသင်းသုံးသင်းသည် သြဂုတ်လအတွင်း ကျင်းပမည့် MFF Myanmar Futsal League 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့် ရရှိမည် ဖြစ်သည်။