GV ATHLETIC ၊ AMM နှင့် COMRADE တို့ MFF MYANMAR FUTSAL LEAGUE 2018 ခြေစစ်ပွဲအောင်မြင်
July 17, 2018ALPINE CUP 2018 ဖိတ်ခေါ်ပြိုင်ပွဲနှင့် ၂၀၁၈ အာရှ အားကစားပွဲတော် ပဏာမ မြန်မာ ကစားသမား ၂၆ ဦးစာရင်း
July 17, 2018၂၀၂၀ အိုလံပစ် ခြေစစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲအတွက် အုပ်စုများမဲခွဲပွဲ အခမ်းအနားကို လာမည့် သြဂုတ်လ ၂ ရက်နေ့ မနက် (၁၁း၀၀)နာရီတွင် အာရှဘောလုံး အဖွဲ့ချုပ် (AFC) ရုံးချုပ်တွင် ကျင်းပသွားမည်ဖြစ်သည်။ AFC အနေဖြင့် ပြိုင်ပွဲဝင် အသင်းများ၏ ဆီဒင်အဆင့် ရပ်တည်မှုများအရ ပထမအဆင့်တွင် မြန်မာအသင်း အပါအဝင် အသင်း ၁၉ သင်းအား လာမည့် ၂၀၁၈ နိုဝင်ဘာ ၄ မှ ၁၃ ရက်နေ့အထိ ဦးစွာယှဉ်ပြိုင် ကစားစေမည် ဖြစ်သည်။
ဒုတိယ အဆင့်ခြေစစ်ပွဲကို ပထမအဆင့်မှ ထိပ်ဆုံး ၁၀ သင်းကို အာရှအဆင့် ၆ နှင့် ၇ (ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန်) နှစ်သင်းဖြင့်ပေါင်း၍ စုစုပေါင်း ၁၂ သင်းဖြင့် ၂၀၁၉ ဧပြီ ၁ မှ ၉ အထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်းနောက် တတိယအဆင့် ခြေစစ်ပွဲကို ဆီဒင်အဆင့် ၁ မှ ၅ အထိ (သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ထိုင်း)တို့နှင့်အတူ ဒုတိယအဆင့်မှ အနိုင်ရလာသည့် အသင်း ၃ သင်းဖြင့်ပေါင်းကာ စုစုပေါင်း အသင်း(၈)သင်းဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ တတိယအဆင့် ခြေစစ်ပွဲများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ/ဖေဖော်ဝါရီတို့တွင် ကျင်းပသွားမည်ဖြစ်သည်။
ယင်းနောက် တတိယအဆင့်မှ အနိုင်ရလာသည့် အသင်း ၄ သင်းသည် Play Off ပွဲစဉ်များအဖြစ် ၂၀၂၀ ခုနှစ်မတ်လ အတွင်း အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ကစားရမည်ဖြစ်ကာ အနိုင်ရရှိသည့် အသင်း ၂ သင်းသာ ၂၀၂၀ အိုလံပစ် အမျိုးသမီး ဘောလုံးပွဲစဉ်များသို့ တက်ရောက် ကစားခွင့်ရမည်ဖြစ်သည်။ အိမ်ရှင် ဂျပန်အမျိုးသမီးအသင်းမှာမူ ခြေစစ်ပွဲဝင်စရာမလိုဘဲ အလိုအလျောက် ခြေစစ်ပွဲအောင်မည်ဖြစ်သည်။
၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ခြေစစ်ပွဲအဆင့် ပြိုင်ပွဲဝင်ခွင့်ရ အသင်းများ
Encl 1) – WOFT2020 QR1 Draw Mechanism-1
ခြေစစ်ပွဲ အဆင့်လိုက် ကျင်းပမည့်ပုံစံနှင့် ကျင်းပမည့်ရက်များ လျာထားချက်
Encl 1) – WOFT2020 QR1 Draw Mechanism-2
ခြေစစ်ပွဲဝင် အသင်းများအား ဆီဒင်အဆင့်သက်မှတ်ချက်
Encl 1) – WOFT2020 QR1 Draw Mechanism-3
ခြေစစ်ပွဲအုပ်စုများရေးဆွဲမည့်ပုံစံနှင့် အုပ်စုခွဲဝေမည့်စနစ်
Encl 1) – WOFT2020 QR1 Draw Mechanism-4
Encl 1) – WOFT2020 QR1 Draw Mechanism-5